Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူအေအီးမှာ ဆီတင်ထရပ်ကားတွေကို ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေ

အရင်ကလည်း ယူအေအီးကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ လုပ်ခဲ့ဖူးကြောင်း ဟိုသီတွေက ထုတ်ပြန်ပေမယ့် ယူအေအီး အာဏာပိုင်တွေကတော့ ငြင်းဆိုလေ့ ရှိပါတယ်။ အခုဖြစ်စဉ်မှာလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့ ယူအေအီးက ဝန်မခံသေးပါဘူး။

ယူအေအီးနိုင်ငံ၊ အဘူဒါဘီ မြို့တော်မှာ ဆီတင် ထရပ်ကားတွေကို ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၇ ရက်မှာပဲ အဘူဒါဘီ နိုင်ငံတကာ လေဆိပ်မှာလည်း မီးလောင်မှုတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ မီးလောင်မှုရဲ့ အကြောင်းရင်းကို အဘူဒါဘီ ရဲတပ်ဖွဲ့က မထုတ်ပြန်ခဲ့ဘဲ အသေးစား မီးလောင်မှုလောက်သာ ဖြစ်တယ်လို့ ပြောပါတယ်။

အဘူဒါဘီ အမျိုးသား လောင်စာဆီ ကော်ပိုရေးရှင်းရဲ့ အဆောက်အအုံ တစ်ခုနားမှာတော့ ဆီတင် ထရပ်ကား ၃ စီး ပေါက်ကွဲခဲ့ပြီး လူ ၃ ဦး သေဆုံးကြောင်း ရဲတွေက အတည်ပြုပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ သေဆုံးသူတွေ အိန္ဒိယ နိုင်ငံသား ၂ဦးနဲ့ ပါကစ္စတန်သား ၁ ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူ ၆ ဦးလည်း ရှိခဲ့ပေမယ့် အခြေအနေ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ ယီမင်နိုင်ငံ အခြေစိုက်၊ ဟိုသီ စစ်သွေးကြွ သူပုန်တွေက ဆီတင် ထရပ်ကားတွေကို ဒရုန်း အသုံးပြု တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကြေညာပါတယ်။ အဘူဒါဘီမှာ အခြေစိုက်တဲ့ ယူအေအီး အစိုးရဟာ ဆော်ဒီ အာရေးဘီးယား ဦးဆောင်ပြီး ဟိုသီတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ အာရပ် မဟာမိတ် တပ်ပေါင်းစုမှာ ပူးပေါင်း ပါဝင်နေပါတယ်။ ဟိုသီတွေဟာ အရင်ကလည်း ဆော်ဒီက စစ်ဘက်၊ အရပ်ဖက် ပစ်မှတ်တွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အရင်ကလည်း ယူအေအီးကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ လုပ်ခဲ့ဖူးကြောင်း ဟိုသီတွေက ထုတ်ပြန်ပေမယ့် ယူအေအီး အာဏာပိုင်တွေကတော့ ငြင်းဆိုလေ့ ရှိပါတယ်။ အခုဖြစ်စဉ်မှာလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့ ယူအေအီးက ဝန်မခံသေးပါဘူး။

ယူအေအီးဟာ ဟိုသီတွေနဲ့ စစ်ပွဲမှာ စစ်သည်တွေ တိုက်ရိုက် ပါဝင်စေတာမျိုးကို သိသိသာသာ လျှော့ချလိုက်ပေမယ့် တခြား အထောက်အပံ့တွေကိုတော့ တက်တက်ကြွကြွ ပံ့ပိုးပေးနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဟိုသီတွေဟာ ယူအေအီးနဲ့ ဆော်ဒီတို့က အဓိက အကူအညီ ပေးနေတဲ့ ယီမင် အစိုးရ တပ်တွေကို ဆက်တိုက် အရေးနိမ့်လာပြီး ဖိအားဝင်နေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။