Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူအေအီးမှာ ဆီတင်ထရပ်ကားတွေကို ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေ

အရင်ကလည်း ယူအေအီးကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ လုပ်ခဲ့ဖူးကြောင်း ဟိုသီတွေက ထုတ်ပြန်ပေမယ့် ယူအေအီး အာဏာပိုင်တွေကတော့ ငြင်းဆိုလေ့ ရှိပါတယ်။ အခုဖြစ်စဉ်မှာလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့ ယူအေအီးက ဝန်မခံသေးပါဘူး။

ယူအေအီးနိုင်ငံ၊ အဘူဒါဘီ မြို့တော်မှာ ဆီတင် ထရပ်ကားတွေကို ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၇ ရက်မှာပဲ အဘူဒါဘီ နိုင်ငံတကာ လေဆိပ်မှာလည်း မီးလောင်မှုတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ မီးလောင်မှုရဲ့ အကြောင်းရင်းကို အဘူဒါဘီ ရဲတပ်ဖွဲ့က မထုတ်ပြန်ခဲ့ဘဲ အသေးစား မီးလောင်မှုလောက်သာ ဖြစ်တယ်လို့ ပြောပါတယ်။

အဘူဒါဘီ အမျိုးသား လောင်စာဆီ ကော်ပိုရေးရှင်းရဲ့ အဆောက်အအုံ တစ်ခုနားမှာတော့ ဆီတင် ထရပ်ကား ၃ စီး ပေါက်ကွဲခဲ့ပြီး လူ ၃ ဦး သေဆုံးကြောင်း ရဲတွေက အတည်ပြုပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ သေဆုံးသူတွေ အိန္ဒိယ နိုင်ငံသား ၂ဦးနဲ့ ပါကစ္စတန်သား ၁ ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူ ၆ ဦးလည်း ရှိခဲ့ပေမယ့် အခြေအနေ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ ယီမင်နိုင်ငံ အခြေစိုက်၊ ဟိုသီ စစ်သွေးကြွ သူပုန်တွေက ဆီတင် ထရပ်ကားတွေကို ဒရုန်း အသုံးပြု တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကြေညာပါတယ်။ အဘူဒါဘီမှာ အခြေစိုက်တဲ့ ယူအေအီး အစိုးရဟာ ဆော်ဒီ အာရေးဘီးယား ဦးဆောင်ပြီး ဟိုသီတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ အာရပ် မဟာမိတ် တပ်ပေါင်းစုမှာ ပူးပေါင်း ပါဝင်နေပါတယ်။ ဟိုသီတွေဟာ အရင်ကလည်း ဆော်ဒီက စစ်ဘက်၊ အရပ်ဖက် ပစ်မှတ်တွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အရင်ကလည်း ယူအေအီးကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ လုပ်ခဲ့ဖူးကြောင်း ဟိုသီတွေက ထုတ်ပြန်ပေမယ့် ယူအေအီး အာဏာပိုင်တွေကတော့ ငြင်းဆိုလေ့ ရှိပါတယ်။ အခုဖြစ်စဉ်မှာလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့ ယူအေအီးက ဝန်မခံသေးပါဘူး။

ယူအေအီးဟာ ဟိုသီတွေနဲ့ စစ်ပွဲမှာ စစ်သည်တွေ တိုက်ရိုက် ပါဝင်စေတာမျိုးကို သိသိသာသာ လျှော့ချလိုက်ပေမယ့် တခြား အထောက်အပံ့တွေကိုတော့ တက်တက်ကြွကြွ ပံ့ပိုးပေးနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဟိုသီတွေဟာ ယူအေအီးနဲ့ ဆော်ဒီတို့က အဓိက အကူအညီ ပေးနေတဲ့ ယီမင် အစိုးရ တပ်တွေကို ဆက်တိုက် အရေးနိမ့်လာပြီး ဖိအားဝင်နေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။