Connect with us

Hi, what are you looking for?

News

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုအပါအဝင် ၅ ဦးကို အဂတိ ပုဒ်မနဲ့ စစ်ကောင်စီ နှစ်ရှည်ထောင်ဒဏ်ချ

အဂတိမှုနဲ့ ထောင်ချရာမှာတော့ ဝန်ကြီးချုပ်ဦးညီပု၊ ဝန်ကြီး ဦးအောင်ကျော်ဇံနဲ့၊ ဝန်ကြီး ဦးကျော်အေးသိန်းတို့ကို ထောင်ဒဏ် ၉ နှစ်စီချလိုက်တာပါ။

NLD အစိုးရ ရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ဝန်ကြီး ၅ ဦးကို စစ်ကောင်စီက အဂတိပုဒ်မတွေနဲ့ တရားစွဲလိုက်ပြီး ဒီနေ့မှာ ထောင်ဒဏ် နှစ်ရှည်ထောင်ဒဏ်ချလိုက်တယ်လို့ဒေသတွင်းမီဒီယာတွေကဖော်ပြပါတယ်။

ဝန်ကြီးချုပ် ဦးညီပုနဲ့အတူ ထောင်ချခံရတဲ့ ဝန်ကြီး တွေကတော့ လျှပ်စစ် ၊စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာအခွန်ဝန်ကြီး ဦးကျော်အေးသိန်း၊စိုက်ပျိုးမွေးမြူ သစ်တောနဲ့သတ္တုဝန်ကြီး ဦးကျော်လွင်၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင် တို့ဖြစ်ပါတယ်။

အဂတိမှုနဲ့ ထောင်ချရာမှာတော့ ဝန်ကြီးချုပ်ဦးညီပု၊ ဝန်ကြီး ဦးအောင်ကျော်ဇံနဲ့၊ ဝန်ကြီး ဦးကျော်အေးသိန်းတို့ကို ထောင်ဒဏ် ၉ နှစ်စီချလိုက်တာပါ။

ကျန်တဲ့ ဝန်ကြီး ဦးကျော်လွင်ကိုထောင်ဒဏ် ၃ နှစ် ၊ ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုတော့ ထောင်ဒဏ် ၇ နှစ်ချလိုက်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ကြီးချုပ် ဦးညီပုဟာ အစောပိုင်းက ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ထောင်ဒဏ် ၂ နှစ်ချခံထားရသလို မဲမသမာမှုလုပ်တယ်ဆိုပြီး စစ်ကောင်စီက ထပ်ပြီးတရားစွဲထားတာလည်းရှိပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ် စစ်ဆင်ရေးတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို အာရက္ခတပ်တော်(AA)ထံ အပါမခံဘဲ အချင်းချင်း ပစ်သတ်ဖို့ စစ်တပ်အရာရှိတွေက ညွှန်ကြားထားတယ်လို့ AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၁ဦးဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တပ်သား ရန်ငြိမ်းအောင် က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကျူးလွန်သူ နှစ်ဦးကို ရဲက ဖမ်းပြီး မုဒိန်းမှုနဲ့ အမှုဖွင့်ထား

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

Facebook