Connect with us

Hi, what are you looking for?

News

Dawei Watch သတင်းသမားနှစ်ဦးနှင့် ရုံးဝန်ထမ်းတစ်ဦးတို့ ဖမ်းဆီးခံရ

ကိုဇော်နှင့်အတူ ဖြိုးပြည့်လေးလွင်(ခ)သားကြီးဆိုသည့် ရုံးဝန်ထမ်းလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု ဆိုသည်။

ထားဝယ်မြို့အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Dawei Watch သတင်းဌာနမှ သတင်းထောက်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးသွားကြောင်း မြို့ခံများက ​ပြောသည်။

အဆိုပါသတင်းဌာနမှ သတင်းထောက်နှစ်ဦးအပြင် ရုံးဝန်ထမ်းလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု ထားဝယ်မြို့ခံများက ​ပြောသည်။

Dawei Watch သတင်းထောက် မမိုးမြင့်ကို အကြမ်းဖက်စစ်ကောင်စီက ယမန့်နေည ၁၁နာရီခွဲနှင့် သတင်းထောက်ကိုဇော်ကို ယနေ့နံနက်​စော ၂ နာရီခန့်တွင် နေအိမ်၌ မတရား လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ကိုဇော်နှင့်အတူ ဖြိုးပြည့်လေးလွင်(ခ)သားကြီးဆိုသည့် ရုံးဝန်ထမ်းလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“Dawei Watchက တချို့ သတင်း​တွေကိုထိန်းရေးနေတဲ့ သတင်းဌာနကိုတောင် ဖမ်းတာဆိုတာ ဒါကလည်း မထူးဆန်းပါဘူး။ စစ်တပ်က ထားဝယ်မှာ မထင်ရင် မထင်တဲ့လူကို ဖမ်းချင်သလိုဖမ်းနေတာပဲ”ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိချိန်တွင် မမိုးမြင့်နှင့် ကိုဇော်တို့ကို မည်သည်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ဖမ်းဆီးမူနှင့်ပတ်သတ်ပြီး Dawei Watch သတင်းဌာနက ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။