Connect with us

Hi, what are you looking for?

LuduNwayOo

News

Dawei Watch သတင်းသမားနှစ်ဦးနှင့် ရုံးဝန်ထမ်းတစ်ဦးတို့ ဖမ်းဆီးခံရ

ကိုဇော်နှင့်အတူ ဖြိုးပြည့်လေးလွင်(ခ)သားကြီးဆိုသည့် ရုံးဝန်ထမ်းလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု ဆိုသည်။

ထားဝယ်မြို့အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Dawei Watch သတင်းဌာနမှ သတင်းထောက်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးသွားကြောင်း မြို့ခံများက ​ပြောသည်။

အဆိုပါသတင်းဌာနမှ သတင်းထောက်နှစ်ဦးအပြင် ရုံးဝန်ထမ်းလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု ထားဝယ်မြို့ခံများက ​ပြောသည်။

Dawei Watch သတင်းထောက် မမိုးမြင့်ကို အကြမ်းဖက်စစ်ကောင်စီက ယမန့်နေည ၁၁နာရီခွဲနှင့် သတင်းထောက်ကိုဇော်ကို ယနေ့နံနက်​စော ၂ နာရီခန့်တွင် နေအိမ်၌ မတရား လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ကိုဇော်နှင့်အတူ ဖြိုးပြည့်လေးလွင်(ခ)သားကြီးဆိုသည့် ရုံးဝန်ထမ်းလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“Dawei Watchက တချို့ သတင်း​တွေကိုထိန်းရေးနေတဲ့ သတင်းဌာနကိုတောင် ဖမ်းတာဆိုတာ ဒါကလည်း မထူးဆန်းပါဘူး။ စစ်တပ်က ထားဝယ်မှာ မထင်ရင် မထင်တဲ့လူကို ဖမ်းချင်သလိုဖမ်းနေတာပဲ”ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိချိန်တွင် မမိုးမြင့်နှင့် ကိုဇော်တို့ကို မည်သည်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ဖမ်းဆီးမူနှင့်ပတ်သတ်ပြီး Dawei Watch သတင်းဌာနက ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်းတွင် KNLA က​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်​လာရာ စစ်​ကောင်စီတပ်အထိနာ​နေသည်။

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ လဝကရုံး၊ စရဖရုံး၊ ထွေအုပ်ရုံး၊ မြို့မရဲစခန်းနှင့် စာရင်းစစ်ရုံးတို့ကို LLPDF၊ ဥသြစစ်ကြောင်း စသည့်ပူးပေါင်းတပ်များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သေးသည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။