Connect with us

Hi, what are you looking for?

News

ICJ ၌ မြန်မာကို တရားစွဲဆိုထားသောအမှု ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်ကြားနာမည်

လာမည့် ICJ ရုံးချိန်းကို ၀ဏ္ဏမောင်လွင်က ကိုယ်တိုင်သွားရောက်တရားရင်ဆိုင်ရဲမည်မဟုတ်ဘဲ နေပြည်တော်မှသာ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ဖွယ်ရှိနေကြောင်း နေပြည်တော် သတင်းရင်းမြစ်အချို့က ပြော သည်။

ဓာတ်ပုံ - ICJ

▪️၀ဏ္ဏမောင်လွင် သွားရောက်ရင်ဆိုင်ရဲမည်မဟုတ်

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာက မြန်မာကို စွဲဆိုထားသော အမှုနှင့်ပတ်သက် ၍ မြန်မာဘက်က ကန့်ကွက်ချက်များကို ကြားနာမည့်ရုံးချိန်ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ် မည်ဟု ယင်းတရားရုံးက ယနေ့(ဇန်နဝါရီ ၁၉ရက်)ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဆိုကာ ဂမ်ဘီယာက မြန်မာနိုင်ငံကို ICJ ၌ ၂၀၁၉ နှစ်ကုန်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ ၂၁ ရက် တွင် မြန်မာနိုင်ငံက နှုတ်ဖြင့်ခုခံချေပမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ဂမ်ဘီယာက နှုတ်ဖြင့်လျှောက်လဲချက်တင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက် ဒုတိယအကျော့အဖြစ် မြန်မာ၊ ဖေဖော်ဝါရီ ၂၈ တွင် ဒုတိယအကျော့အဖြစ် ဂမ်ဘီယာတို့က နှုတ်ဖြင့် လျှောက်လဲချက်တင်ကြမည်ဖြစ်ကြောင်း ICJ က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

COVID-19 အခြေအနေကြောင့် အဆိုပါ ရုံးချိန်းကို လူကိုယ်တိုင်ထွက်ဆိုခြင်းနှင့် အွန်လိုင်းက တဆင့်ထွက်ဆိုခြင်း နှစ်မျိုးပေါင်းစပ်ပြုလုပ်မည်ဟု ICJ က ထုတ်ပြန် သည်။

၂၀၁၉တွင် မြန်မာနိုင်ငံကိုယ်စား နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွား ရောက်တရားရင်ဆိုင်ခဲ့သည်။

သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက် ICJ အမှုကို စစ်ကောင်စီက ဆက်လက်ရင်ဆိုင်မည်ဟု ဆိုသည်။

အဆိုပါ ICJ အမှုအတွက် စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်က ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

လာမည့် ICJ ရုံးချိန်းကို ၀ဏ္ဏမောင်လွင်က ကိုယ်တိုင်သွားရောက်တရားရင်ဆိုင်ရဲမည်မဟုတ်ဘဲ နေပြည်တော်မှသာ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ဖွယ်ရှိနေကြောင်း နေပြည်တော် သတင်းရင်းမြစ်အချို့က ပြော သည်။

ထို့အပြင် ၂၀၁၉က မြန်မာဘက်မှ ရှေ့နေအဖွဲ့အဖြစ်ထွက်ဆိုပေးခဲ့သူ William Schabasက ရှေ့နေအဖွဲ့မှ နုတ်ထွက်သွားကြောင်း Myanmar Sentiment သတင်းဌာနက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

Facebook