Connect with us

Hi, what are you looking for?

LuduNwayOo

News

ICJ ၌ မြန်မာကို တရားစွဲဆိုထားသောအမှု ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်ကြားနာမည်

လာမည့် ICJ ရုံးချိန်းကို ၀ဏ္ဏမောင်လွင်က ကိုယ်တိုင်သွားရောက်တရားရင်ဆိုင်ရဲမည်မဟုတ်ဘဲ နေပြည်တော်မှသာ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ဖွယ်ရှိနေကြောင်း နေပြည်တော် သတင်းရင်းမြစ်အချို့က ပြော သည်။

ဓာတ်ပုံ - ICJ

▪️၀ဏ္ဏမောင်လွင် သွားရောက်ရင်ဆိုင်ရဲမည်မဟုတ်

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာက မြန်မာကို စွဲဆိုထားသော အမှုနှင့်ပတ်သက် ၍ မြန်မာဘက်က ကန့်ကွက်ချက်များကို ကြားနာမည့်ရုံးချိန်ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ် မည်ဟု ယင်းတရားရုံးက ယနေ့(ဇန်နဝါရီ ၁၉ရက်)ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဆိုကာ ဂမ်ဘီယာက မြန်မာနိုင်ငံကို ICJ ၌ ၂၀၁၉ နှစ်ကုန်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ ၂၁ ရက် တွင် မြန်မာနိုင်ငံက နှုတ်ဖြင့်ခုခံချေပမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ဂမ်ဘီယာက နှုတ်ဖြင့်လျှောက်လဲချက်တင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက် ဒုတိယအကျော့အဖြစ် မြန်မာ၊ ဖေဖော်ဝါရီ ၂၈ တွင် ဒုတိယအကျော့အဖြစ် ဂမ်ဘီယာတို့က နှုတ်ဖြင့် လျှောက်လဲချက်တင်ကြမည်ဖြစ်ကြောင်း ICJ က ထုတ်ပြန်သည်။

COVID-19 အခြေအနေကြောင့် အဆိုပါ ရုံးချိန်းကို လူကိုယ်တိုင်ထွက်ဆိုခြင်းနှင့် အွန်လိုင်းက တဆင့်ထွက်ဆိုခြင်း နှစ်မျိုးပေါင်းစပ်ပြုလုပ်မည်ဟု ICJ က ထုတ်ပြန် သည်။

၂၀၁၉တွင် မြန်မာနိုင်ငံကိုယ်စား နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွား ရောက်တရားရင်ဆိုင်ခဲ့သည်။

သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက် ICJ အမှုကို စစ်ကောင်စီက ဆက်လက်ရင်ဆိုင်မည်ဟု ဆိုသည်။

အဆိုပါ ICJ အမှုအတွက် စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်က ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

လာမည့် ICJ ရုံးချိန်းကို ၀ဏ္ဏမောင်လွင်က ကိုယ်တိုင်သွားရောက်တရားရင်ဆိုင်ရဲမည်မဟုတ်ဘဲ နေပြည်တော်မှသာ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ဖွယ်ရှိနေကြောင်း နေပြည်တော် သတင်းရင်းမြစ်အချို့က ပြော သည်။

ထို့အပြင် ၂၀၁၉က မြန်မာဘက်မှ ရှေ့နေအဖွဲ့အဖြစ်ထွက်ဆိုပေးခဲ့သူ William Schabasက ရှေ့နေအဖွဲ့မှ နုတ်ထွက်သွားကြောင်း Myanmar Sentiment သတင်းဌာနက ဖော်ပြသည်။

You May Also Like

သတင်း

စင်ကာပူအပြည်ပြည်ဆိုင်ရာအနုညာတစီရင်ဆုံးဖြတ်မှုဗဟိုသည် နိုင်ငံအချင်းချင်းစီးပွားရေးလုပ်ငန်းများ အငြင်းပွားရာတွင် ဆုံးဖြတ်ပေးသည့် ဗဟိုတရားရုံးတစ်ခုဖြစ်သည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတစ်ဝန်း၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၃၂ မှုရှိကြောင်း NUG က မှတ်တမ်းတင်ပြုစုထားပြီး မြေပြင်တွင် ယင်းအရေအတွက်ထက် များပြားနိုင်ကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက သတင်းစာ ရှင်းလင်းပွဲ၍ ပြောသည်။

သတင်း

မြန်မာပြည်သူများအတွက် ဂျပန်အစိုးရ ပေးအပ်မည့် ဒေါ်လာ ၄၇ သန်းကျော်မှာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် NGO များမှတဆင့် ပြည်သူများထံ တိုက်ရိုက်အကျိိုးရှိိရန် ဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

တမူးမြို့ခံတစ်ဦးဖြစ်ပြီး အင်ဖာမြို့ ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းချခံထားရသော ကိုဒင်းခိုကျွန်း(အသက် ၃၂နှစ်)သည် ဖေဖော်ဝါရီလ ၂၅ရက် ညတွင်ရုတ်တရက် သေဆုံးသွားခြင်းဖြစ်ကြောင်း အင်ဖာမြို့ရောက် မြန်မာအချို့က People's Spring သို့ပြောသည်။