Connect with us

Hi, what are you looking for?

News

ငါန်းဇွန်မြို့နယ် NLDအမတ် ဦးကျော်စိုးနိုင်ကို စစ်ကောင်စီအင်အားသုံးဖမ်းဆီး

မနေ့ကဇန်နဝါရီလ ၁၉ရက် ည ၁၀နာရီ ဝန်းကျင်မှာ စစ်ကား ၂စီးနဲ့ ရောက်ရှိလာပြီးနေအိမ်ကိုဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးသွားတာဖြစ်ပါတယ်။

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ရဲ့ တိုင်းလွှတ်တော်အမတ် ဦးကျော်စိုးနိုင်ကို စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးကျေးရွာ က နေအိမ်တစ်အိမ်မှာစစ်‌‌ေကာင်စီတပ်‌ေတွလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

မနေ့ကဇန်နဝါရီလ ၁၉ရက် ည ၁၀နာရီ ဝန်းကျင်မှာ စစ်ကား ၂စီးနဲ့ ရောက်ရှိလာပြီးနေအိမ်ကိုဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဦးကျော်စိုးနိုင်ဟာ ပုဒ်မ ၅၀၅ -က နဲ့အမှုဖွင့်ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်

ပြီးခဲ့တဲ့ ဇွန်လ ထဲကတော့ဇနီးဖြစ်သူနဲ့အတူ အသက်၁၈နှစ်သားနဲ့ အသက် ၁၄နှစ်အရွယ် သမီးတို့ကို မြစ်သားမြို့နယ်ထဲကဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာစစ်ကောင်စီ ကဖမ်းဆီးခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။