Connect with us

Hi, what are you looking for?

News

မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှုများ ပြင်းထန်စွာအရေးယူမည်ဟု ဒီးမော့ဆို PDF သတိပေး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မသမာသူထံမှ WYအမျိုးအစား မူးယစ်ဆေးဝါးအလုံးရေ ၆၅၄ လုံးဖမ်းဆီးရမိသည့် ဖြစ်စဉ်ကို သတင်းထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထပ်မံသတိပေးခဲ့ခြင်းဖြစ်သည်။

(ဖမ်းဆီးရမိသော မူးယစ်ဆေးပြားများကို မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - DMO-PDF)

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(DMO-PDF)က ယနေ့ သတိပေးထုတ်ပြန်သည်။

(ဖမ်းဆီးရမိသော မူးယစ်ဆေးပြားများကို မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ – DMO-PDF)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မသမာသူထံမှ WYအမျိုးအစား မူးယစ်ဆေးဝါးအလုံးရေ ၆၅၄ လုံးဖမ်းဆီးရမိသည့် ဖြစ်စဉ်ကို သတင်းထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထပ်မံသတိပေးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်စီးခဲ့သည်ဟု ဖော်ပြသည်။

(ဖမ်းဆီးရမိသော မူးယစ်ဆေးပြားများကို မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ – DMO-PDF)

ဒီးမော့ဆိုမြို့နယ်တွင် တော်လှန်ရေးကာလ၌ အခွင့်ကောင်းယူပြီး လူကိုညွှန့်သုဥ်းစေသော မူးယစ်ဆေးဝါးများကို လက်ဝယ်ထားရှိခြင်း၊ရောင်းချခြင်း၊ သုံးစွဲခြင်းများပြုလုပ်နေသည်ကို သိရှိရကြောင်း၊ မသမာသူကြောင့် အနာဂတ်လူငယ်ကို ဖျက်စီးနေသောလုပ်ရပ်ကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။