Connect with us

Hi, what are you looking for?

News

ပြည်ကြီးတံခွန်မြို့နယ်တွင် စစ်ကောင်စီလက် ပါးစေ ဆက်ကြေးကောက်သည့်အဖွဲ့ တိုက်ခိုက်ခံရ၊ ရဲတစ်ဦးနှင့် ဒလန်တစ်ဦး ဒဏ်ရာရ

စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏ အဆိုအရ ယနေ့(ဇန်နဝါရီ ၂၄)ညနေ ၄ နာရီခန့်က ဖြစ်ပွားသည့် အထက်ပါပေါက်ကွဲမှုတွင် အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

People's Spring
People's Spring

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုပန်းခြံလမ်းဆုံရှိ စစ်ကောင်စီလက်ပါး​စေ ဆက်ကြေးကောက်သည့်အဖွဲ့အား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Mandalay Ranger Force-PDFကထုတ်ပြန် သည်။

ပြည်ကြီးတံခွန်မြို့နယ် (၆၂)လမ်းနှင့် စက်မှုပန်းခြံလမ်းဆုံ၌ အများပြည်သူထံမှ မတရားဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီလက်ပါးစေများအား ဗုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ရဲတစ်ယောက် ဒလန်တစ်ယောက် စိမ့်သွားတယ်လို့ သိရပါတယ်။ နောက်ဆက်တွဲသတင်းမသိရသေးပါ။ သိရင်လာပြောနိုင်ပါတယ်”ဟု MRF-PDF က ဆိုသည်။

စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏ အဆိုအရ ယနေ့(ဇန်နဝါရီ ၂၄)ညနေ ၄ နာရီခန့်က ဖြစ်ပွားသည့် အထက်ပါပေါက်ကွဲမှုတွင် အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“(ဗုံးဖေါက်)ခွဲ​ပြီး (စစ်ကောင်စီတပ်)ကားတွေရောက် လာတယ်။ ကျန်တာတော့ မသိတော့ဘူး။ ကျွန်တော်တို့ (ဆုတ်ခွာ)ရွှေ့ခဲ့ပြီ”ဟု MRF-PDF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၄)နံနက်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်ရှိ ရတနာပုံ(စ)စျေးအနီး စစ်ကောင်စီ ၏ သတင်းပေးဒလန်ဆိုသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။