Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်ကြီးတံခွန်မြို့နယ်တွင် စစ်ကောင်စီလက် ပါးစေ ဆက်ကြေးကောက်သည့်အဖွဲ့ တိုက်ခိုက်ခံရ၊ ရဲတစ်ဦးနှင့် ဒလန်တစ်ဦး ဒဏ်ရာရ

စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏ အဆိုအရ ယနေ့(ဇန်နဝါရီ ၂၄)ညနေ ၄ နာရီခန့်က ဖြစ်ပွားသည့် အထက်ပါပေါက်ကွဲမှုတွင် အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

People's Spring
People's Spring

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုပန်းခြံလမ်းဆုံရှိ စစ်ကောင်စီလက်ပါး​စေ ဆက်ကြေးကောက်သည့်အဖွဲ့အား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Mandalay Ranger Force-PDFကထုတ်ပြန် သည်။

ပြည်ကြီးတံခွန်မြို့နယ် (၆၂)လမ်းနှင့် စက်မှုပန်းခြံလမ်းဆုံ၌ အများပြည်သူထံမှ မတရားဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီလက်ပါးစေများအား ဗုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ရဲတစ်ယောက် ဒလန်တစ်ယောက် စိမ့်သွားတယ်လို့ သိရပါတယ်။ နောက်ဆက်တွဲသတင်းမသိရသေးပါ။ သိရင်လာပြောနိုင်ပါတယ်”ဟု MRF-PDF က ဆိုသည်။

စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏ အဆိုအရ ယနေ့(ဇန်နဝါရီ ၂၄)ညနေ ၄ နာရီခန့်က ဖြစ်ပွားသည့် အထက်ပါပေါက်ကွဲမှုတွင် အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“(ဗုံးဖေါက်)ခွဲ​ပြီး (စစ်ကောင်စီတပ်)ကားတွေရောက် လာတယ်။ ကျန်တာတော့ မသိတော့ဘူး။ ကျွန်တော်တို့ (ဆုတ်ခွာ)ရွှေ့ခဲ့ပြီ”ဟု MRF-PDF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၄)နံနက်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်ရှိ ရတနာပုံ(စ)စျေးအနီး စစ်ကောင်စီ ၏ သတင်းပေးဒလန်ဆိုသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။