Connect with us

Hi, what are you looking for?

News

Data နှုန်းထားများ အဆမတန်တိုးမြှင့် ကောက်ခံမှုကို တုန့်ပြန်သွားမည်ဟု မန္တလေး M.P.F အဖွဲ့ သတိပေး

“နိုင်ငံရေးအခြေအနေကြောင့် ပြည်သူအများ စိတ်ရောလူပါ ဒုက္ခရောက်နေချိန် Wifiနှုန်းထားများ အဆမတန် တိုးမြှင့်ကောက်ခံ နေသော Wifiကုမ္ပဏီများအား မဟာမိတ်များနှင့်ပူးပေါင်း၍ ထိထိရောက်ရောက် တုန့်ပြန်သွားမည်” ဟု M.F.P က သတိပေးထားသည်။

(စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း Mytel တာဝါတိုင်တစ်ခု တိုက်ခိုက်ခံရသည်ကို ၂၀၂၁ စက်တင်ဘာ ၁၀ရက်က တွေ့ရစဥ် ၊ဓာတ်ပုံ-CJ)

Telecom ကုမ္ပဏီများက အာဏာသိမ်းစစ်ကောင်စီအလိုကျ Data နှုန်းထားများကို အဆမတန်တိုးမြှင့် ကောက်ခံ နေကြောင်း တိုင်ကြားမှုများရှိ၍ မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းပြီး တုန့်ပြန်မည်ဟု Mandalay Phoenix Force – M.P.F အဖွဲ့က သတိပေးလိုက်သည်။

ပြည်သူအများစုက Wifi ကို အားထားအသုံးပြုနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီက Data နှုန်းထားများ တိုးမြှင့်ကောက်ခံရန် ညွန်ကြား၍ Telecom ကုမ္ပဏီများက တိုးမြှင့်ကောက်ခံနေသည်ဟု ပြည်သူများက တိုင်ကြား လာကြောင်း ယင်းအဖွဲက ဖော်ပြထားသည်။

“နိုင်ငံရေးအခြေအနေကြောင့် ပြည်သူအများ စိတ်ရောလူပါ ဒုက္ခရောက်နေချိန် Wifiနှုန်းထားများ အဆမတန် တိုးမြှင့်ကောက်ခံ နေသော Wifiကုမ္ပဏီများအား မဟာမိတ်များနှင့်ပူးပေါင်း၍ ထိထိရောက်ရောက် တုန့်ပြန်သွားမည်” ဟု M.F.P က သတိပေးထားသည်။

ထို့အပြင် ပြည်သူများအနေဖြင့်လည်း Data ဈေးနှုန်းများမြှင့်၍ ကောက်ခံခြင်းကို အထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားနိုင်ကြောင်းလည်း ၎င်းတို့အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ၎င်းတို့၏ ထောက်တိုင်တစ်ခုဖြစ်သော Mytel တာဝါတိုင်များကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖျက်ဆီးမှုပြုလုပ်၍ သတိပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook