Connect with us

Hi, what are you looking for?

LuduNwayOo

News

Data နှုန်းထားများ အဆမတန်တိုးမြှင့် ကောက်ခံမှုကို တုန့်ပြန်သွားမည်ဟု မန္တလေး M.P.F အဖွဲ့ သတိပေး

“နိုင်ငံရေးအခြေအနေကြောင့် ပြည်သူအများ စိတ်ရောလူပါ ဒုက္ခရောက်နေချိန် Wifiနှုန်းထားများ အဆမတန် တိုးမြှင့်ကောက်ခံ နေသော Wifiကုမ္ပဏီများအား မဟာမိတ်များနှင့်ပူးပေါင်း၍ ထိထိရောက်ရောက် တုန့်ပြန်သွားမည်” ဟု M.F.P က သတိပေးထားသည်။

(စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း Mytel တာဝါတိုင်တစ်ခု တိုက်ခိုက်ခံရသည်ကို ၂၀၂၁ စက်တင်ဘာ ၁၀ရက်က တွေ့ရစဥ် ၊ဓာတ်ပုံ-CJ)

Telecom ကုမ္ပဏီများက အာဏာသိမ်းစစ်ကောင်စီအလိုကျ Data နှုန်းထားများကို အဆမတန်တိုးမြှင့် ကောက်ခံ နေကြောင်း တိုင်ကြားမှုများရှိ၍ မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းပြီး တုန့်ပြန်မည်ဟု Mandalay Phoenix Force – M.P.F အဖွဲ့က သတိပေးလိုက်သည်။

ပြည်သူအများစုက Wifi ကို အားထားအသုံးပြုနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီက Data နှုန်းထားများ တိုးမြှင့်ကောက်ခံရန် ညွန်ကြား၍ Telecom ကုမ္ပဏီများက တိုးမြှင့်ကောက်ခံနေသည်ဟု ပြည်သူများက တိုင်ကြား လာကြောင်း ယင်းအဖွဲက ဖော်ပြထားသည်။

“နိုင်ငံရေးအခြေအနေကြောင့် ပြည်သူအများ စိတ်ရောလူပါ ဒုက္ခရောက်နေချိန် Wifiနှုန်းထားများ အဆမတန် တိုးမြှင့်ကောက်ခံ နေသော Wifiကုမ္ပဏီများအား မဟာမိတ်များနှင့်ပူးပေါင်း၍ ထိထိရောက်ရောက် တုန့်ပြန်သွားမည်” ဟု M.F.P က သတိပေးထားသည်။

ထို့အပြင် ပြည်သူများအနေဖြင့်လည်း Data ဈေးနှုန်းများမြှင့်၍ ကောက်ခံခြင်းကို အထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားနိုင်ကြောင်းလည်း ၎င်းတို့အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ၎င်းတို့၏ ထောက်တိုင်တစ်ခုဖြစ်သော Mytel တာဝါတိုင်များကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖျက်ဆီးမှုပြုလုပ်၍ သတိပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။