Connect with us

Hi, what are you looking for?

News

ရွှေနဲ့ငွေကြေးဈေးကွက်ကို စောင့်ကြည့်အရေးယူမယ့် အဖွဲ့ စစ်ကောင်စီဖွဲ့စည်း

ရာခိုင်နှုန်းယူပြီး ငွေလဲပေးနေတာကိုလည်း အဲဒီအဖွဲ့က အရေးယူမယ်လို့လည်း စစ်ကောင်စီက ဆိုထားပါသေးတယ်။

ရွှေနဲ့ငွေကြေးဈေးကွက်ကိုစောင့်ကြည့်ဖို့ဆိုကာ စစ်ကောင်စီဟာ စောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့ကို ဒီဇင်ဘာလအတွင်းက ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီအဖွဲ့မှာ ဗဟိုဘဏ်အပါအဝင် စစစ၊ ပြည်ထဲရေး တို့ပါဝင်တာတွေ့ရပါတယ်။

အဲဒီအဖွဲ့ဟာ ရွှေဈေးကွက် ၊ ငွေကြေးဈေးကွက်အရောင်းအဝယ်လုပ်တာတွေကို စောင့်ကြည့်မှာဖြစ်သလို နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရှိတဲ့ ဘဏ်တွေ ၊ ငွေလဲကောင်တာတွေ ရဲ့ ငွေစာရင်းအသွင်းအထုတ်ကိုလည်းစောင့်ကြည့်မယ်လို့သိရပါတယ်။

ဒါအပြင် စစ်ကောင်စီဗဟိုဘဏ်က ကြေညာထားသလို အိမ် ခြံ မြေနဲ့ ကားအရောင်းအဝယ်တွေမှာ ကျပ်သိန်း ၂၀၀ ထက် ပိုတဲ့ အရောင်းအဝယ်တွေရဲ့ငွေပေးချေမှုမှာ ဘဏ်ကိုအသုံးပြုတာရှိ မရှိ ကိုလည်းစောင့်ကြည့်ဦးမှာပါ။

Public Service Announcement

Public Service Announcement

ရာခိုင်နှုန်းယူပြီး ငွေလဲပေးနေတာကိုလည်း အဲဒီအဖွဲ့က အရေးယူမယ်လို့လည်း စစ်ကောင်စီက ဆိုထားပါသေးတယ်။

ဒီလိုအဖွဲ့မျိုး ဖွဲ့စည်းပြီး စောင့်ကြည့်အရေးယူတာဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်က ပုံစံအတိုင်းဖြစ်တယ်လို့ ဝေဖန်နေတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။