Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Omicron အထူးပြု ကာကွယ်ဆေး Booster စစမ်းတော့မယ့် Moderna

ပြိုင်ဘက် အမေရိကန် ဆေးကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Pfizerကလည်း Omicronအတွက် သီးခြား Booster စမ်းသပ်မှုတွေ စတင်တော့မယ်လို့ ကြေညာပြီး မရှေးမနှောင်းမှာ Modernaက အခု အစီအစဉ်ကို အကောင်အထည် ဖော်လာတာ ဖြစ်ပါတယ်။

Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်အတွက် အထူးပြု တီထွင်ထားတဲ့ အားဖြည့် ကာကွယ်ဆေး Boosterကို အမေရိကန် ဆေးသုတေသန ကုမ္ပဏီကြီး Modernaက လက်တွေ့ စမ်းသပ် ထိုးနှံပေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ ကူးစက်နှုန်း အရမ်းမြန်တဲ့ မျိုးကွဲသစ် Omicronကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိခဲ့ပါတယ်။ Omicronဟာ မူရင်း ကိုရိုနာဗိုင်းရပ်စ်ကနေ မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲမှု အများအပြား ဖြစ်နေတာကြောင့် ရှိရင်းစွဲ ကာကွယ်ဆေးတွေက အာနိသင် သိပ်မထိရောက်တော့သလို ဖြစ်လာပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ကုမ္ပဏီကြီးတွေက Omicronကို အဓိက ပစ်မှတ်ထားတဲ့ အားဖြည့် ကာကွယ်ဆေး Booster ထပ်ထုတ်ဖို့ စိုင်းပြင်းလာကြပါတယ်။

Modernaက သူတို့ရဲ့ ကာကွယ်ဆေး Booster အသစ်ကို အရွယ်ရောက်ပြီးသူ ၆၀၀ လောက်မှာ စတင် စမ်းသပ်နေပြီလို့ ပြောပါတယ်။ အဲဒီထဲက ၃၀၀ လောက်ဟာ Modernaက အရင် ထုတ်လုပ်ထားတဲ့ ကိုဗစ် ကာကွယ်ဆေးကို ပြီးခဲ့တဲ့ ၆ လအတွင်း ၂ ကြိမ် အပြည့် ထိုးထားပြီးသူတွေလို့ ဆိုပါတယ်။ ကျန်တဲ့ တစ်ဝက်ကတော့ ကာကွယ်ဆေး ၂ ကြိမ်အပြင် Booster ဆေး ၁ လုံးပါ ထိုးထားသူတွေ ဖြစ်ပါတယ်။

ဒီလေ့လာမှုက Omicronအတွက် သီးသန့်ရည်ရွယ် ထုတ်လုပ်ထားတဲ့ Boosterဟာ ကာကွယ်ဆေး အနေနဲ့ ၃ ကြိမ်မြောက်၊ ဒါမှမဟုတ် ၄ ကြိမ်မြောက်မှာ ထိုးရင် ဘယ်လိုဘယ်ပုံ ပြောင်းလဲ သက်ရောက်မှုတွေ ရှိနိုင်သလဲ ဆိုတာကို သိရှိနိုင်ဖို့ ရည်ရွယ်ထားတာပါ။

Public Service Announcement

Public Service Announcement

ကနဦး လေ့လာမှုတွေအရ မူလ Moderna ကာကွယ်ဆေးကို တစ်လအတွင်း ထိုးပြီးသူတွေရဲ့ ရောဂါ ကာကွယ်နိုင်စွမ်း Antibodyဟာ လွန်ခဲ့တဲ့ ၆ လက ဆေးထိုးထားသူတွေနဲ့ ယှဉ်ရင် ၆ ပုံ ၁ ပုံလောက်ထိ ကျဆင်းသွားနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ ၅၀ မိုက်ခရိုဂရမ် ပမာဏ Booster ထိုးထားသူ ၂၀ လောက်ရဲ့ သွေးရည်ကြည် နမူနာကို ရယူပြီး စစ်ဆေးထားတဲ့ ရလဒ် ဖြစ်ပါတယ်။

ပြိုင်ဘက် အမေရိကန် ဆေးကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Pfizerကလည်း Omicronအတွက် သီးခြား Booster စမ်းသပ်မှုတွေ စတင်တော့မယ်လို့ ကြေညာပြီး မရှေးမနှောင်းမှာ Modernaက အခု အစီအစဉ်ကို အကောင်အထည် ဖော်လာတာ ဖြစ်ပါတယ်။

Modernaရော၊ Pfizerပါ mRNA နည်းပညာကို အခြေခံတဲ့ ကာကွယ်ဆေးတွေ တီထွင်ထားကြတာ ဖြစ်ပါတယ်။ Omicronဟာ ကြုံဖူးသမျှ ကူးစက်နှုန်း အမြန်ဆုံး ကိုရိုနာဗိုင်းရပ်စ် ဖြစ်လာပြီး သီတင်းတစ်ပတ်ကို ပျမ်းမျှ လူနာသစ် ၂၁ သန်းလောက် တိုးပွားတဲ့ထိကို ကူးစက်တာ မြန်ဆန်နေပါတယ်။ ဒါပေမဲ့ အရင်မျိုးစိတ်ဟောင်း ကိုရိုနာ ဗိုင်းရပ်စ်တွေနဲ့ ယှဉ်ရင်တော့ Omicronကြောင့် လူသေတဲ့ထိ ရောဂါ ပြင်းထန်နိုင်ခြေ အချိုးအစားက သိသိသာသာ လျော့ကျသွားကြောင်း နိုင်ငံတကာ ဆေးသုတေသန ပညာရှင်တွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။