Connect with us

Hi, what are you looking for?

News

ကျောက်ဆည် – မန္တလေးကားလမ်း၌ ယာဥ်တစ်စီးတိမ်းမှောက်၊ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ဇန်နဝါရီ ၂၇ ရက် နေ့လယ် ၂ နာရီကျော်တွင် ကျောက်ဆည်- မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၃၈၂/၅)နှင့် (၃၈၂/၆) အကြားတွင် မစ်ဆူဘီရှီRVR ကား ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကျောက်ဆည်- မန္တလေးကားလမ်း၌ ယာဥ်တစ်စီးရှေ့ဘီးပေါက်၍ ယာဥ်တိုက်မှုဖြစ်ခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၇ ရက် နေ့လယ် ၂ နာရီကျော်တွင် ကျောက်ဆည်- မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၃၈၂/၅)နှင့် (၃၈၂/၆) အကြားတွင် မစ်ဆူဘီရှီRVR ကား ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယာဥ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီး သုံးဦးအနက် တစ်ဦးမှာ အခင်းဖြစ်သည့်နေရာ၌ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးကို ညောင်ပင်ကျေးရွာ အဖြူရောင်မေတ္တာ လူမှုကူညီရေးယာဉ်ဖြင့် စဉ့်ကိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Facebook