ကျောက်ဆည်- မန္တလေးကားလမ်း၌ ယာဥ်တစ်စီးရှေ့ဘီးပေါက်၍ ယာဥ်တိုက်မှုဖြစ်ခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၂၇ ရက် နေ့လယ် ၂ နာရီကျော်တွင် ကျောက်ဆည်- မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၃၈၂/၅)နှင့် (၃၈၂/၆) အကြားတွင် မစ်ဆူဘီရှီRVR ကား ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ယာဥ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီး သုံးဦးအနက် တစ်ဦးမှာ အခင်းဖြစ်သည့်နေရာ၌ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးကို ညောင်ပင်ကျေးရွာ အဖြူရောင်မေတ္တာ လူမှုကူညီရေးယာဉ်ဖြင့် စဉ့်ကိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။