Connect with us

Hi, what are you looking for?

News

နိုင်ငံတကာအသိုင်းအဝန်းက မြန်မာစစ်တပ်ကို အရှိန်မြှင့်ဖိအားပေးရန် ကုလလူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးတိုက်တွန်း

“စစ်အာဏာသိမ်းမှုတစ်နှစ်ရှိချိန်မှာ ဘ၀ပေါင်းများစွာ၊ လွတ်လပ်ခွင့်တွေ ကြီးကြီးမားမား ပေးဆပ်စွန့်လွတ်ခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ် ဆက် လက်ကြိုးပမ်းနေပါတယ်” ဟု Michelle bachelet က ပြောသည်။

မြန်မာပြည်သူများ၏အသံများကို အလေးဂရုပြုရန်နှင့် စစ်တပ်အပေါ် အရှိန်မြှင့်ဖိအားပေးရန် နိုင်ငံတကာအစိုးရများ၊ စီးပွားရေးလုပ်ငန်းရှင်များကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ယနေ့(ဇန်နဝါရီ ၂၈ ရက်)တိုက်တွန်းလိုက်သည်။

အာဏာသိမ်းမှု(၁)နှစ်ပြည့်တော့မည့်အချိန်တွင် မြန်မာပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များရပ်တန့်ရေး၊ အရပ်သားအုပ်ချုပ်မှုစနစ်အမြန်ဆုံးပြန်လည်ဖြစ်ပေါ်ရေးတို့အတွက် နိုင်ငံတကာအသိုင်းအဝန်းက စစ်တပ်ကို အရှိန်တိုးမြှင့်ဖိအားပေးရန် ကုလလူ့အခွင့်အရေးဆိုင် ရာမဟာမင်းကြီးက တိုက်တွန်းပြောကြားခြင်းဖြစ်သည်။

“စစ်အာဏာသိမ်းမှုတစ်နှစ်ရှိချိန်မှာ ဘ၀ပေါင်းများစွာ၊ လွတ်လပ်ခွင့်တွေ ကြီးကြီးမားမား ပေးဆပ်စွန့်လွတ်ခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ် ဆက် လက်ကြိုးပမ်းနေပါတယ်” ဟု Michelle bachelet က ပြောသည်။

ဆက်လက်ပြီး ဒေသတွင်းနှင့် ကမ္ဘာတဝန်းရှိ အစိုးရများ၊ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာစစ် တပ်ကို အရှိန်မြှင့်ဖိအားပေးရေး တောင်းဆိုချက်ကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး လူ့ အခွင့်အရေးချိုးဖောက်မှုများနှင့် နှိပ်စက်ညှင်းပန်မှုများကို စနစ်တကျကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ရမည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးရုံးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျူးလွန်သော ဆိုးရွား သည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်မှတ်တမ်းတင်ထားကြောင်း သတိပေးသည်။

စစ်တပ်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများ သို့မဟုတ် အွန်လိုင်းတွင် ရေးသားသူများ အနည်းဆုံး ၁၁၇၈၇ ဦးကို တရားလက်လွတ်ဖမ်းဆီးခဲ့ပြီး ယင်းအနက် ၈,၇၉၂ ဦးကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ထုတ်ပြန်သည်။

ထိန်းသိမ်းထားစဉ်အတွင်း အနည်းဆုံး ပြည်သူ ၂၉၀ သေဆုံးခဲ့ပြီး အများစုမှာ ညှင်းပန်းနှိပ်စက်ခံခဲ့ရကြောင်း ကုလသမဂ္ဂက မှတ်တမ်းတင်သည်။

ဆက်စပ်သတင်းများ

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

ဆောင်းပါး

FATFသည်စစ်တပ်ကအမေရိကန်၏အဓိကပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်သည်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။