Connect with us

Hi, what are you looking for?

LuduNwayOo

News

နိုင်ငံတကာအသိုင်းအဝန်းက မြန်မာစစ်တပ်ကို အရှိန်မြှင့်ဖိအားပေးရန် ကုလလူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးတိုက်တွန်း

“စစ်အာဏာသိမ်းမှုတစ်နှစ်ရှိချိန်မှာ ဘ၀ပေါင်းများစွာ၊ လွတ်လပ်ခွင့်တွေ ကြီးကြီးမားမား ပေးဆပ်စွန့်လွတ်ခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ် ဆက် လက်ကြိုးပမ်းနေပါတယ်” ဟု Michelle bachelet က ပြောသည်။

မြန်မာပြည်သူများ၏အသံများကို အလေးဂရုပြုရန်နှင့် စစ်တပ်အပေါ် အရှိန်မြှင့်ဖိအားပေးရန် နိုင်ငံတကာအစိုးရများ၊ စီးပွားရေးလုပ်ငန်းရှင်များကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ယနေ့(ဇန်နဝါရီ ၂၈ ရက်)တိုက်တွန်းလိုက်သည်။

အာဏာသိမ်းမှု(၁)နှစ်ပြည့်တော့မည့်အချိန်တွင် မြန်မာပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များရပ်တန့်ရေး၊ အရပ်သားအုပ်ချုပ်မှုစနစ်အမြန်ဆုံးပြန်လည်ဖြစ်ပေါ်ရေးတို့အတွက် နိုင်ငံတကာအသိုင်းအဝန်းက စစ်တပ်ကို အရှိန်တိုးမြှင့်ဖိအားပေးရန် ကုလလူ့အခွင့်အရေးဆိုင် ရာမဟာမင်းကြီးက တိုက်တွန်းပြောကြားခြင်းဖြစ်သည်။

“စစ်အာဏာသိမ်းမှုတစ်နှစ်ရှိချိန်မှာ ဘ၀ပေါင်းများစွာ၊ လွတ်လပ်ခွင့်တွေ ကြီးကြီးမားမား ပေးဆပ်စွန့်လွတ်ခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ် ဆက် လက်ကြိုးပမ်းနေပါတယ်” ဟု Michelle bachelet က ပြောသည်။

ဆက်လက်ပြီး ဒေသတွင်းနှင့် ကမ္ဘာတဝန်းရှိ အစိုးရများ၊ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာစစ် တပ်ကို အရှိန်မြှင့်ဖိအားပေးရေး တောင်းဆိုချက်ကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး လူ့ အခွင့်အရေးချိုးဖောက်မှုများနှင့် နှိပ်စက်ညှင်းပန်မှုများကို စနစ်တကျကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ရမည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးရုံးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျူးလွန်သော ဆိုးရွား သည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်မှတ်တမ်းတင်ထားကြောင်း သတိပေးသည်။

စစ်တပ်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများ သို့မဟုတ် အွန်လိုင်းတွင် ရေးသားသူများ အနည်းဆုံး ၁၁၇၈၇ ဦးကို တရားလက်လွတ်ဖမ်းဆီးခဲ့ပြီး ယင်းအနက် ၈,၇၉၂ ဦးကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ထုတ်ပြန်သည်။

ထိန်းသိမ်းထားစဉ်အတွင်း အနည်းဆုံး ပြည်သူ ၂၉၀ သေဆုံးခဲ့ပြီး အများစုမှာ ညှင်းပန်းနှိပ်စက်ခံခဲ့ရကြောင်း ကုလသမဂ္ဂက မှတ်တမ်းတင်သည်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဓ လက်နက်အဆိပ်ငွေ့ဗုံးအား လေယာဉ်မှ ပစ်ချကာ တိုက်ခိုက်ခဲ့မှုကို နိုဝင်ဘာ ၁၈ရက်နှင့် နိုဝင်ဘာ ၄ရက်တို့တွင် ပြုလုပ်ခဲ့သည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

လက်ရှိ အချိန်ထိ ရုရှားဟာ စစ်ပွဲမှာ ဝေဟင်စိုးမိုးမှု အရမ်းအသာစီး ရထားတာကို ဇီလန်စကီးက ဝန်ခံခဲ့ပြီး အဲဒီ အခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေနဲ့ ခေတ်မီ လေကြောင်းကာကွယ်ရေး စနစ်တွေ အပူတပြင်း လိုအပ်နေကြောင်း မှတ်ချက် ပေးသွားပါတယ်။