Connect with us

Hi, what are you looking for?

News

ကရင်နီပြည်၌ စစ်တပ်၏ကျူးလွန်မှုများအပါအဝင် မြန်မာ့အရေးဆိုးရွားလာမှု ပြင်သစ်စိုးရိမ်

အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး စတင်အကောင်အထည်ဖော်ခြင်းအပါအဝင် အာဆီယံ၏ဘုံဆုံးဖြတ်ချက် ၅ ရပ် အကောင်အထည်ဖော်ရန်လိုအပ်မှုကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အလေးပေးဆွေးနွေးသည်။

ကရင်နီပြည်နယ်၌ စစ်တပ်၏ကျူးလွန်မှုများအပါအဝင် မြန်မာ့အရေးဆိုးရွားသည့်အခြေအနေကို လွန်စွာစိုးရိမ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က ပြောသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘော ဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် ဇန်နဝါရီ ၂၈ ရက်တွင် ဆက်သွယ်ကာ မြန်မာ့အရေးဆွေးနွေးခဲ့ ပြီး အကျပ်အတည်းဖြေရှင်းရေး အာဆီယံ၏လုပ်ဆောင်မှုများကို ပြင်သစ်၏ အားပေးကူညီမှုကို ထပ်လောင်းပြောကြားသည်။

အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး စတင်အကောင်အထည်ဖော်ခြင်းအပါအဝင် အာဆီယံ၏ဘုံဆုံးဖြတ်ချက် ၅ ရပ် အကောင်အထည်ဖော်ရန်လိုအပ်မှုကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အလေးပေးဆွေးနွေးသည်။

ဆေးဝါးဆိုင်ရာပစ္စည်းများပေးပို့ရာတွင် မြန်မာစစ်ကောင်စီက အတားအဆီးများထပ်မံလုပ်ဆောင်နေချိန်တွင် ဘေးကင်းလုံခြုံရေးလိုအပ်ချက်နှင့် လူသားချင်းစာနာမှုအကူအညီကို ချက်ချင်းပေးရေးတို့ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြင်သစ်သည် အာဆီယံအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂအတွင်းရေးချုပ်၏ အထူးကိုယ်စားလှယ်တို့၏ မြန်မာ့အရေးဖြေရှင်းရေးလုပ်ဆောင်မှုများကို အပြည့်အ၀ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။