Connect with us

Hi, what are you looking for?

News

ကောလင်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ခန့်သေဆုံး၊ PDF အချို့ကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက စစ်ကောင်စီယာဉ်တန်းကို ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုများပြားကြောင်း ဒေသခံတစ်ဦးက People’s Springသို့ ​ပြောသည်။

ကောလင်း -ရွေဘို လမ်းပိုင်း ကုက္ကိုလ်ကုန်းကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF ၄ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“ဖြစ်စဉ်က ကျွန်တော်တို့ ကြားတာက တပ်ကူလာတဲ့ တပ်ကို လမ်းက ဖြတ်တိုက်တယ်လို့ ကြားတယ်ဗျ။ဟိုနေ့က သစ်ဆိမ့်ကုန်းမှာ ဖြစ်တာ။ အဲဒါကို ကြားလို့ ဒီမှာ အင်အားဖြည့်တဲ့သဘောလို့ထင်တယ်” ဟု ကောလင်းမြို့ခံတစ်ဦးက ပြောသည်။

ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းရွာအနီးတွင် ဇူလိုင် ၂ရက်က စစ်ကောင်စီတပ်ကို PDFက တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကောလင်းမြို့ပေါ်တွင်ပါ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တစ်လုံး ပျက်ဆီးခဲ့ပြီး အရပ်သား ၂ဦး ဒဏ်ရာရခဲ့သည်။ တိုက်ပွဲဖြစ်ပွားမှု အသေးစိတ်ကို ကောလင်း PDF က သတင်းထုတ်ပြန်မှု မပြုသေးပေ။

Public Service Announcement

Public Service Announcement

ကောလင်းပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးမျိုးဇော်အောင်က “မနေ့ညနေက ကောလင်းတိုက်ပွဲမှာကျဆုံးသွားတဲ့အာဇာနည် အပေါင်းကို အလေးပြုပါတယ်။ ကိုယ့်ညီလိုလည်း ဖြစ်၊ အားကိုးရသူလည်း ဖြစ်တဲ့ သူတွေ ပါသွားတာ ရင်ထဲနာကျင်ရပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်တွင် ယနေ့ ရေးသားထားသည်။

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကို PDFက တိုက်ခိုက်ရာတွင် ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ပါဝင်ပူးပေါင်း တိုက်ခိုက်ပေးနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

KIA သတင်းနှင့် ပြန်ကြား ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း ဗဟိုက ညွှန်ကြားချက်မရှိ သော်လည်း KIA အောက်ခြေတပ်များက ဒေသခံ PDFများအား ပူးပေါင်းကူညီမှုများရှိနိုင်ကြောင်း ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။