Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်အား နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး တာဝေးပစ်လက်နက်ပါ စမ်းသပ်အသုံးပြုခဲ့ဟု MSRU အသိပေး

ပထမအကြိမ်တိုက်ခိုက်မှုကို ရေးမြို့နယ်အခြေစိုက်​ခြေမြန်တပ်ရင်း- ခမရ(၅၈၆)အား စမ်းသပ်ထုတ်လုပ်ထားသော တာဝေးပစ် Mortar ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း MSRUက ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အား တစ်ရက်တည်းတွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့(MSRU)က ယနေ့(ဇန်နဝါရီ ၂၉) အသိပေးထုတ်ပြန် သည်။

တိုက်ခိုက်မှုများကို ယမန်နေ့(ဇန်နဝါရီ ၂၈)ည ၆နာရီခွဲတွင် တစ်ကြိမ်၊ ည ၁၀နာရီခန့်တွင် တစ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုနှင့် ဒဏ်ရာပြင်းထန်မှုများရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပထမအကြိမ်တိုက်ခိုက်မှုကို ရေးမြို့နယ်အခြေစိုက်​ခြေမြန်တပ်ရင်း- ခမရ(၅၈၆)အား စမ်းသပ်ထုတ်လုပ်ထားသော တာဝေးပစ် Mortar ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း MSRUက ဖော်ပြထားသည်။

ထို့အပြင် ဒုတိယအကြိမ်တိုက်ခိုက်မှုကိုမူ ည ၁၀နာရီခန့်၌ ရန်ကုန်-ထားဝယ် အာရှလမ်းမကြီး ပေါ်သို့ မောင်းနှင်လာသော ခလရ(၃၄၃) တပ်ရင်းမှ ကင်းလှည့် စစ်ကားတစ်စီးအား Ye Special Task Force (YSTF)နှင့်ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ် ရာရသူများရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

မွန်ပြည်နယ်အခြေပြုတော်လှန်ရေး အစည်းအရုံး (MSRU) နှင့် Ye Special Task Force (YSTF) ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ထိတွေ့ကာ တိုက်ပွဲငယ်ဖြစ်ပွားခဲ့​ကြောင်းလည်း ပါရှိသည်။

ထို့နောက် စစ်ကောင်စီတပ် ခလရ (၃၄၃)တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့သော်လည်း မဟာမိတ်ပူးပေါင်းအဖွဲ့များ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။စစ်​ကောင်စီတပ်မှထိ့ခိုက်​သေဆုံးမှုရှိ​ကြောင်းလည်းသိ့ရသည်။

“မွန်ပြည်နယ် အနေနဲ့ လှုပ်ရှားမှုတွေမှာ ဒေသခံ EAO ပါဝင်မှု မရှိတော့ မွန်ပြည်နယ် အနေနဲ့ ကျွန်တော်တို့ လုပ်ဆောင်တဲ့အခါ ကျွန်တော်တို့ သုညကနေ စ ရတာမျိုးတွေရှိတယ်။ ကျန်တဲ့ ချင်း ကရင် ကရင်နီ ကချင် ဒေသတွေလိုမျိုးမဟုတ်ပဲ ကျွန်တော်တို့က သုညကနေ ပြန်ဆောက်ရင်းနဲ့ တော်လှန်ရတဲ့အတွက် လုပ်ငန်းစဥ်တွေက ကြာမြင့်လာတာမျိုးရှိတယ် ခင်ဗျ”ဟု MSRUပြန်ကြား​ရေးတာဝန်ခံက​ပြောသည်

ယခုအကြိမ်အပါအဝင် မွန်ပြည်နယ်တွင် MSRU က ​အာဏာသိမ်းစစ်​ကောင်စီပစ်မှတ်များကို ​လေးကြိမ် တိုက်ခိုက်ခဲ့ပြီးဖြစ်​ကြောင်းလည်း ၎င်းကဆက်​ပြောသည်။

MSRU နှင့် YSTF တို့ပူး​ပေါင်း၍အကြမ်းဖက်စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၆ ရက်ကလည်း တိုက်ခိုက်ခဲ့သေးသည်ဟု MSRUက ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မူတွင် ရေးမြို့နယ်အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အာယုတောင်ကျေးရွာ အနီးရှိ ခမရ (၃၄၃) တပ် ၏ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၆ ရက် ည ၇နာရီခွဲခန့်တွင် ၄၀မမ ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်ခဲ့ ပြီး လက်ပစ်ဗုံး ဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို​နေ့မှာပင် ခမရ (၅၈၇) အတွင်းရှိ ကင်းပုန်းစစ်သားများကို လက်နက်ငယ်ဖြင့် လည်း ပစ်ခတ်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် ကင်းပုန်းစစ်​ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။