Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ်အ​ပေါ် စစ်​ကောင်စီခြိမ်း​ခြောက်​နေမှုကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ ရှုတ်ချ

မတရားမှုကိုကန့်ကွက်ဆန္ဒဖော်ထုတ်ခြင်း အသံတိတ်ပိတ် (SILENCE STRIKE) တွင် ပါဝင်ခြင်းသည်လူသားတိုင်း မွေးရာပါအခွင့်အရေး ဖြစ်သည်ဟုလည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

အသံတိတ်ပိတ်တွင် ပါဝင်ပါက မင်းတပ်မြို့ ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူလူထုနေအိမ်နှင့် ဈေးဆိုင်များ ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်နေသည့် အကြမ်းဖက်စစ်​တပ်၏လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုသည် အကြမ်းမဖက်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု ( CDM) တွင်ပါဝင်သော ဝန်ထမ်းများအား ဖမ်းဆီးအရေးယူခြင်းများဆောင်ရွက်လာသည့်အပြင် အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်များ၊ ဈေးဆိုင်များကိုလည်း တရားဥပဒေကင်းမဲ့စွာ ချိတ်ပိတ်အရေးယူမည်ဟု ခြိမ်းခြောက်ကြေညာနေကြောင်း၊လာမည့်ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင်ပြုလုပ်မည့် အသံတိတ်ပိတ် (SILENCE STRIKE) တွင် ပါဝင်သူများအား ဖမ်းဆီးအရေးယူခြင်းများ၊လူမရှိသည့်နေအိမ်ဆိုင်ခန်းနှင့်ဈေးဆိုင်များကို ချိတ်ပိတ်အရေးယူခြင်းများ ဥပဒေကင်းမဲ့မင်းမဲ့စရိုက်ဆန်စွာ ပြုလုပ်ရန် ကြံစည်မှုများ ကြားသိရပါသဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့( ဇန်နဝါရီ ၃၀ရက်) ကြေငြာချက်ထုတ်ပြန်သည်။

မတရားမှုကိုကန့်ကွက်ဆန္ဒဖော်ထုတ်ခြင်း အသံတိတ်ပိတ် (SILENCE STRIKE) တွင် ပါဝင်ခြင်းသည်လူသားတိုင်း မွေးရာပါအခွင့်အရေး ဖြစ်သည်ဟုလည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

တစ်ဆက်တည်းတွင် စစ်အာဏာရှင်နှင့်ပတ်သက်သမျှ ထုတ်ကုန်များအား သပိတ်မှောက်ခြင်းများ ဆောင်ရွက်ရာ၌ ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်မှသာလျှင် စစ်အုပ်စုအဖွဲ့၏ ရက်စက်ယုတ်မာမှု၊ လူသားမဆန်သည့် မင်းမဲ့စရိုက်ပြုလုပ်မှုစသည့် စစ်အာဏာရှင်စနစ်များ အမြန်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးသို့ အမြန်ဆုံးရောက်ရှိကြမည်ဖြစ်ကြောင်းလည်း တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်ချက်နှင့်အတူ “ငါတို့နေအိမ် ငါတို့ပိုင်တယ်ငါတို့ရပ်ကွက် ငါတို့ပိုင်တယ်
ငါတို့မြို့ရိုး ငါတို့ပိုင်တယ် အာဏာရှင်အမိန့်ဟူသမျှ ဖီဆန်ကြ” ဟူ၍လည်းလူထုအား တိုက်တွန်းထားသည်။

စစ်တပ်က နိုင်ငံ့အာဏာလုယူထားသည့် တစ်နှစ်ပြည့်ဖြစ်သော ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူလူထုက နိုငံတစ်ဝန်း အသံတိတ်ပိတ်ပြုလုပ်ရန် ပြင်ဆင်နေပြီး ယင်းသပိတ်ကို ပိတ်ပင်ရန် စစ်ကောင်စီတပ်က ကြောက်လန့်တကြား ပုံစံမျိုးစုံဖြင့် ဖိနှိပ်ရန်ကြိုးစားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

Facebook