Connect with us

Hi, what are you looking for?

News

NUCC ပထအကြိမ်ညီလာခံကို အောင်မြင်စွာကျင်းပပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အစိတ်အပိုင်း ၂ခု အတည်ပြု

ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲကျင်းပရာတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ညီလာခံတွင် NUCCကို အစုအဖွဲ့ ၅ခုဖြင့် ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း ၃၃ခုဖြင့် ဖွဲ့စည်းအတည်ပြုခဲ့ကြောင်း ကြေညာသည်။

▪️အကြမ်းဖက်စစ်ကောင်စီကို ICC ၌ အရေးယူနိုင်ရေး ကြိုးပမ်းနေ​ဟုဆို

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၏ ပထမအကြိမ်ပြည်သူ့ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း ၂ ခုစလုံးကို အတည်ပြုနိုင်ခဲ့ပြီး သမိုင်းဝင်ညီလာခံကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း ယနေ့(ဇန်နဝါရီ ၃၀)ထုတ်ပြန်ကြေညာသည်။

ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲကျင်းပရာတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ညီလာခံတွင် NUCCကို အစုအဖွဲ့ ၅ခုဖြင့် ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း ၃၃ခုဖြင့် ဖွဲ့စည်းအတည်ပြုခဲ့ကြောင်း ကြေညာသည်။

ပထမအကြိမ် ပြည်သူ့ညီလာခံ၏ ထုတ်ပြန်ကြေညာချက်တွင် NUCCက ဖွဲ့စည်းပေးခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ညီလာခံရှေ့မှောက်၌ ထပ်လောင်းအတည်ပြုကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

NUCC၏ ဦးဆောင်မှုခိုင်မာအားကောင်းစေရန်၊ လုပ်ငန်းဆောင်တာများ ပိုမိုအားကောင်းစေရန် NUCC နှင့် NUG အကြားလုပ်ငန်းချိတ်ဆက်မှုကောင်းမွန်စေရေးအတွက် လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ဖြည့်စွက်သွားရန် အတည်ပြုကြောင်း ထုတ်ပြန်သည်။

ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ဂျီနီဗာသဘောတူညီချက်အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်ကျူးလွန်နေမှုမှန်သမျှကို NUCC ပထမအကြိမ်ညီလာခံကြီးက ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည် ဆိုင်ရာဇဝတ်မှုခုံရုံး(ICC)၌ အရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အင်အားအလွန်အကျွံသုံး၍ မြေပြင်နှင့် လေကြောင်း စစ်ဆင်ရေးများကို အကာအကွယ်ပေးနိုင်ရန် နိုင်ငံတကာအာမခံမှုဖြင့် ကရင်၊ ကရင်နီ၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့၌ အရပ်သားပြည်သူလူထုအား အကာအကွယ်ပေးသည့် လုံခြုံသောနေရာများ(Safe Zones)ဖြစ်ပေါ်ရေး ညီလာခံက တောင်းဆိုသည်။

နိုင်ငံတကာက အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ညီလာခံက တောင်းဆိုတိုက်တွန်းသည်။

ယင်းနောက် NUCC သည် စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ဖယ်ရှား၍ ဒီမိုကရေစီ ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုကြီး တည်ဆောက်နိုင်သည်အထိ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းညီညွတ်မှုအင်အားတို့ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။