Connect with us

Hi, what are you looking for?

LuduNwayOo

News

NUCC ပထအကြိမ်ညီလာခံကို အောင်မြင်စွာကျင်းပပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အစိတ်အပိုင်း ၂ခု အတည်ပြု

ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲကျင်းပရာတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ညီလာခံတွင် NUCCကို အစုအဖွဲ့ ၅ခုဖြင့် ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း ၃၃ခုဖြင့် ဖွဲ့စည်းအတည်ပြုခဲ့ကြောင်း ကြေညာသည်။

▪️အကြမ်းဖက်စစ်ကောင်စီကို ICC ၌ အရေးယူနိုင်ရေး ကြိုးပမ်းနေ​ဟုဆို

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၏ ပထမအကြိမ်ပြည်သူ့ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း ၂ ခုစလုံးကို အတည်ပြုနိုင်ခဲ့ပြီး သမိုင်းဝင်ညီလာခံကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း ယနေ့(ဇန်နဝါရီ ၃၀)ထုတ်ပြန်ကြေညာသည်။

ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲကျင်းပရာတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ညီလာခံတွင် NUCCကို အစုအဖွဲ့ ၅ခုဖြင့် ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း ၃၃ခုဖြင့် ဖွဲ့စည်းအတည်ပြုခဲ့ကြောင်း ကြေညာသည်။

ပထမအကြိမ် ပြည်သူ့ညီလာခံ၏ ထုတ်ပြန်ကြေညာချက်တွင် NUCCက ဖွဲ့စည်းပေးခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ညီလာခံရှေ့မှောက်၌ ထပ်လောင်းအတည်ပြုကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

NUCC၏ ဦးဆောင်မှုခိုင်မာအားကောင်းစေရန်၊ လုပ်ငန်းဆောင်တာများ ပိုမိုအားကောင်းစေရန် NUCC နှင့် NUG အကြားလုပ်ငန်းချိတ်ဆက်မှုကောင်းမွန်စေရေးအတွက် လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ဖြည့်စွက်သွားရန် အတည်ပြုကြောင်း ထုတ်ပြန်သည်။

ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ဂျီနီဗာသဘောတူညီချက်အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်ကျူးလွန်နေမှုမှန်သမျှကို NUCC ပထမအကြိမ်ညီလာခံကြီးက ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည် ဆိုင်ရာဇဝတ်မှုခုံရုံး(ICC)၌ အရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အင်အားအလွန်အကျွံသုံး၍ မြေပြင်နှင့် လေကြောင်း စစ်ဆင်ရေးများကို အကာအကွယ်ပေးနိုင်ရန် နိုင်ငံတကာအာမခံမှုဖြင့် ကရင်၊ ကရင်နီ၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့၌ အရပ်သားပြည်သူလူထုအား အကာအကွယ်ပေးသည့် လုံခြုံသောနေရာများ(Safe Zones)ဖြစ်ပေါ်ရေး ညီလာခံက တောင်းဆိုသည်။

နိုင်ငံတကာက အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ညီလာခံက တောင်းဆိုတိုက်တွန်းသည်။

ယင်းနောက် NUCC သည် စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ဖယ်ရှား၍ ဒီမိုကရေစီ ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုကြီး တည်ဆောက်နိုင်သည်အထိ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းညီညွတ်မှုအင်အားတို့ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။