Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ် မအောင်မြင်စေရန် နှာခေါင်းစည်းနှင့် ပိုက်ဆံများဝေရန် စစ်ကောင်စီ ညွှန်ကြားနေ

စစ်ကောင်စီက နှုတ်ဖြင့်ညွှန်ကြားခြင်းဖြစ်ပြီး မလိုက်နာပါက အဖမ်းခံရနိုင်၍ ငြင်းဆန်ရန် ခက်ခဲနေသည်ဟု လည်း ၎င်းက ပြောသည်။

(ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်က တိတ်ဆိတ်ခြင်းသပိတ်ပြုလုပ်နေစဥ် ။ ဓာတ်ပုံ- ရွှေအင်းသား ခင်မောင်ဝင်း)

မနက်ဖြန်(ဖေဖော်ဝါရီ ၁)တွင် ပြုလုပ်မည့် “အသံတိတ်သပိတ်”မအောင်မြင်စေရန် လူစည်ကားရာနေရာများ၌ နှာခေါင်းစည်းနှင့် ပိုက်ဆံများဝေရန် အကြမ်းဖက်စစ်ကောင်စီက ညွှန်ကြားလာသည်ဟု နမ့်ခမ်းအခြေစိုက် လူမှုရေးအသင်းများက ပြောသည်။

“မနက်ဖြန်မြို့ထဲက်ို စည်အောင် Maskတွေ ဝေခိုင်းနေတယ်။ တရုတ်အန်ပေါင်းအနေနဲ့ စာအိတ်တစ်အိတ်ထဲကို ငွေနှစ်ထောင်စီထည့်ပြီးလည်း ဝေခိုင်းတယ်။ ဒီလူ(စစ်ကောင်စီလက်အောက်ခံ Non CDM ဌာနနှင့် ဝန်ထမ်းများ) တွေ ရူးနေလားမသိဘူး”ဟု နမ့်ခမ်းအခြေစိုက် လူမှုရေးအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီက နှုတ်ဖြင့်ညွှန်ကြားခြင်းဖြစ်ပြီး မလိုက်နာပါက အဖမ်းခံရနိုင်၍ ငြင်းဆန်ရန် ခက်ခဲနေသည်ဟု လည်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ မဖြစ်မနေထွက်ရရင်တောင် မြို့ခံအများစု ထွက်မှာမဟုတ်ဘူး။ ကျွန်တော့် အိမ်သားတွေလည်း မထွက်ဘူး။ ကိုယ်ကတော့ အဖမ်းမခံနိုင်လို့ အယောင်ပြတော့ ထွက်ရမယ်ထင်တယ်”ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

နမ့်ခမ်းမြို့သည် တရုတ်နိုင်ငံနှင့် နယ်စပ်မြို့ဖြစ်ပြီး မူဆယ်ခရိုင်အောက်တွင် ရှိသည်။

မူဆယ်နှင့်နမ့်ခမ်းမြို့မှ တရုတ်-မြန်မာချစ်ကြည်ရေးအသင်းထံသို့လည်း ဖေဖော်ဝါရီ ၁ရက်တွင် ကျပ်သိန်း ၂၀ဖိုး ဝေငှရန် စစ်ကောင်စီက ဖိအားပေးထားသည်ဟု မူဆယ်မြို့ တရုတ်မြန်မာချစ်ကြည်ရေးအသင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ သို့သော် လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

ဖေဖော်ဝါရီ ၁ရက်သည် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းသည့် (၁)နှစ်ပြည့်ဖြစ်ပြီး မတရားမှုကို ကန့်ကွက် ဆန္ဒဖော်ထုတ်ခြင်း အသံတိတ်သပိတ်ကို နိုင်ငံနှင့်အဝှမ်းပြုလုပ်ရန် ပြည်သူလူထုက ပြင်ဆင်နေသည်။

အသံတိတ်သပိတ်တွင် ပါဝင်သူများအား ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားပြီး သပိတ် မအောင်မြင်စေရန် နည်းမျိုးစုံကြိုးစားနေသည်။ မန္တလေးမြို့တွင်လည်း နေ့ခင်းကြောင်တောင် စက်ဘီးစီးပြိုင်ပွဲကျင်းပရန် စီစဥ်နေပြီး စစ်ကောင်စီထောက်တိုင် ဆီဆိုင်များကလည်း ဆိုင်ကယ်တစ်စီးလျှင် ဆီတစ်လီတာ ဝေမည့်သတင်းလည်း ထွက်ပေါ်နေသည်။

စစ်ကောင်စီက ဖိအားပေးသည့်ကြားမှ အသံတိတ်သပိတ်တွင် ပြည်သူများအနေဖြင့် ပါးပါးနပ်နပ်ပါဝင်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်မှုကိုမခံကြောင်း သက်သေထပ်ပြပေးခြင်းဖြင့် တိုက်ပွဲဝင် ပြည်သူ့ကာ ကွယ်ရေးတပ်သားများအား ခွန်အားပေးရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။