Connect with us

Hi, what are you looking for?

News

ခင်ဦးနယ်တွင် အကြမ်းဖက်စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၅ ဦးခန့်သေဆုံးဟုဆို

ခင်ဦးမြို့ပေါ်တွင်လည်း အသံတိတ်သပိတ်အောင်မြင်သည့်အထိမ်းအမှတ်အဖြစ် ယနေ့ညနေပိုင်းက မိုင်းခွဲ ဂုဏ်ပြုခဲ့ရာ စစ်ကောင်စီတပ်သားများ မြို့အတွင်း လှည့်ပတ်ကာ သေနတ်များပစ်ဖောက်ခြိမ်းခြောက်ခဲ့သည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ယနေ့(ဖေဖော်ဝါရီ ၁)ညပိုင်းတွင် ထုတ်ပြန်သည်။

ယနေ့ ညနေ ၄နာရီခန့်က မူးမြစ်ကိုဖြတ်ကူးကာ ၎င်းတို့ ယာယီတပ်စွဲစခန်းအဖြစ်ပြုလုပ်ထားသော ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ပြန်လာရာစဥ် နယ်မြေခံကာကွယ်ရေးတပ်ပေါင်းစု၏ မိုင်းဆွဲ တိုက်ခိုက်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

“အရင်ကလည်း အဲ့လမ်းကြောအတိုင်းပဲ ဖြတ်သွားဖြတ်လာလုပ်နေတာ၊ဒီနေ့တော့ အင်တိုင်းကျေးရွာအနောက် မူးမြစ်ကမ်းပါးအတက် အနီးမှာ မိုင်းဆွဲခဲ့တာ သူတို့ဘက်ကအင်အားများတယ်၈၀လောက်ရှိမယ် ၊၁၅ကောင် မကဘူးသေတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်”ဟု နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

ခင်ဦးမြို့ပေါ်တွင်လည်း အသံတိတ်သပိတ်အောင်မြင်သည့်အထိမ်းအမှတ်အဖြစ် ယနေ့ညနေပိုင်းက မိုင်းခွဲ ဂုဏ်ပြုခဲ့ရာ စစ်ကောင်စီတပ်သားများ မြို့အတွင်း လှည့်ပတ်ကာ သေနတ်များပစ်ဖောက်ခြိမ်းခြောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော်ခင်ဦးမြို့နယ်နှင့်ဆက်စပ်သည့် ကောလင်းနှင့်ရေဦးမြို့တို့တွင် ပြည်သူများ အသံတိတ်သပိတ်ပါဝင်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်များက မြို့အဝင်၊အထွက် လုံခြုံရေးယူ၍ စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

Facebook