Connect with us

Hi, what are you looking for?

News

ကျောက်ပန်းတောင်း လျှပ်စစ်ရုံးရှေ့ ကိုယ့်ကိုယ်ကိုယ်မီးရှို့ဆန္ဒပြသည့် အမျိုးသားကွယ်လွန်

ကိုအောင်အောင်သည် ယနေ့ ည ၇နာရီခွဲခန့်တွင် ကျဆုံးခဲ့ပြီး ၎င်းတွင်ဇနီးနှင့် ကလေး ဦး ကျန်ရစ်သည်ဟု သိရကြောင်း ဆိုသည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ရှိ လျှပ်စစ်မန်နေဂျာရုံးရှေ့၌ ယနေ့နံနက်က ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ ဆန္ဒထုတ်ဖော်ခဲ့သည့် ကိုအောင်အောင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အဆိုပါမြို့ခံတစ်ဦးက ယနေ့ညပိုင်း၌ ပြောသည်။

အသက် (၃၃)နှစ်အရွယ် ကိုအောင်မြင့်မြတ်(ခေါ်) ကိုအောင်အောင်သည် ညောင်ဦးမြို့ဆေးရုံ၌ ဆေးကုသနေစဥ် ကျဆုံးသွားပြီဟု KPG Update News ကလည်း ယနေ့ညပိုင်း၌ ဖော်ပြသည်။
မနက်ဖြန် ဖေဖော်ဝါရီ ၂ရက်၌ ညောင်ဦးဆေးရုံတွင် ရင်ခွဲစစ်ဆေးပြီးမှသာ ကျောက်ပန်းတောင်းမြို့သို့ သယ်ယူမည်ဟု ဆိုသည်။

“ဆုံးသွားပြီဆိုတာ ကြားတယ်” ဟု ကျောက်ပန်းတောင်းမြို့ခံတစ်ဦးက ပြောသည်။

ကိုအောင်အောင်သည် ယနေ့ ည ၇နာရီခွဲခန့်တွင် ကျဆုံးခဲ့ပြီး ၎င်းတွင်ဇနီးနှင့် ကလေး ဦး ကျန်ရစ်သည်ဟု သိရကြောင်း ဆိုသည်။

Public Service Announcement

Public Service Announcement

ကိုအောင်အောင်သည် ၂၄နာရီလုံး အများပြည်သူ ပြည်သား မီးလင်းပါစေ၊ ၂၀၀၁-၂၀၀၂ သို့ ပြန်မသွားလိုကြောင်း စာတိုရေးသား ဆန္ဒထုတ်ဖော်ခဲ့သည်ဟု မြို့ခံအချို့က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ကျောက်ပန်းတောင်း အပါအဝင် နေရာဒေသအသီးသီးတွင် မီးဖြတ်ခြင်းများ မကြာမကြာလုပ်ဆောင်နေပြီး ၎င်းကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသသည့် ကျေးရွာများ၊ ဒေသများကို ရက်ရှည်မီးဖြတ်တောက်မှု ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ်ထဲက အင်ပင်ကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ပြီးနောက် သတ်ဖြတ်ခံထားရတဲ့ ပြည်သူ ငါးဦးရဲ့ ရုပ်အလောင်းတွေကို ရွာပြင်မှာစွန့်ပစ်ထားခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။