Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့တွင်းတိုက်ပွဲ အကြမ်းဖက်စစ်တပ်မှ ငါးဦး​သေ

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် အဆက်မပျက် စတင်ပစ်ခတ်မှုမှစတင်ခဲ့ပြီး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း CDF(ထန်တလန်)က ဆိုသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က ဇန်နဝါရီ၃၁ရက် ညတွင် ထန်တလန်မြို့ TABCရပ်ကွက် ​ဘောလုံးကွင်းအနီးတွင် မီးရှို့ဖျက်ဆီး​နေသည်ကို ​တွေ့ရစဥ်)

ချင်းပြည်နယ် ထန်တလန်မြို့၌ မြို့တွင်းတိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကြောင်း CDF(ထန်တလန်)က ထုတ်ပြန်သည်။

ထိုတိုက်ပွဲကို CDF(ထန်တလန်)နှင့် ချင်းအမျိုးသားတပ်(CNA)တို့မှ ရဲဘော်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒဏ်ရာရရှိသူတစ်ဦးလည်းရှိသည်ဟု လည်း ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် အဆက်မပျက် စတင်ပစ်ခတ်မှုမှစတင်ခဲ့ပြီး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း CDF(ထန်တလန်)က ဆိုသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခဲ့ပြီး ထန်တလန်မြို့ပေါ်ရှိ လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“အိမ်တွေမီးလောင်တာတော့ ဟုတ်ပါတယ်။ ဘယ်နှစ် အိမ်လောင်လဲတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ထန်တလန်မြို့ကို ၂၀၂၁ စက်တင်ဘာမှ ဒီဇင်ဘာအထိ မီးရှို့ဖျက်ဆီးခဲ့မှု ၁၂ကြိမ်ပြုလုပ်ခဲ့ပြီး အိမ်ခြေ ၆၉၀နှင့် ဘုရားကျောင်း ၈​ကျောင်း မီးလောင်ပြာကျခဲ့ရသည်ဟု ရွှေ့ပြောင်းသူများအကူ အညီပေးရေးအဖွဲ့တစ်ခုဖြစ်သည့် ထန်တလန်နေရာချထားရေးကော်မတီ (Thantlang Placement Affairs Committee) က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီကလည်း မီးရှို့မှုအကြိမ်ကြိမ်ပြုလုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။