Connect with us

Hi, what are you looking for?

News

နတ်​ချောင်းရွာအနီး စစ်​ကောင်စီတပ်ပြန်​ရောက်လာ၍ ​ဒေသခံများ ထွက်​ပြေး​နေရ

“ဟိုဘက်ရွာမှာ မိုင်းထိလို့ ရမ်းသမ်းပစ်ခတ်တာလို့လည်း ကြားတယ်။ ရွာနားမှာ လာပစ်ခတ်နေတော့ မနေရဲဘူး။ထွက်ပြေးနေရတယ်”ဟုတစ်လအတွင်း နောက်တစ်ကြမ် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီက မီးရှို့ဖျက်ဆီးထားသည့် နတ်ချောင်းရွာမှ အိမ်တစ်အိမ် ၊ ဓာတ်ပုံ-CJ)

အကြမ်းဖက်စစ်ကောင်စီကနေအိမ်များကို မီးရှို့ပြီး ဒေသခံများကို သတ်ဖြတ်ခဲ့၍ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သော ကလေးမြို့နယ် နတ်ချောင်းရွာအနီးသို့ စစ်​ကောင်စီတပ် နောက်တစ်ကြိမ်စစ်ကြောင်းထိုးလာ၍ ဒေသခံပြည်သူများများ ထွက်ပြေးနေရ​ကြောင်း​ဒေသခံများက​ ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ၂ရက်) နံနက် အစောပိုင်းတွင် နတ်ချောင်းရွာအနီးသို့အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

(စစ်ကောင်စီက မီးရှို့ဖျက်ဆီးထားသည့် နတ်ချောင်းရွာမှ အိမ်တစ်အိမ် ၊ ဓာတ်ပုံ-CJ)

“ဟိုဘက်ရွာမှာ မိုင်းထိလို့ ရမ်းသမ်းပစ်ခတ်တာလို့လည်း ကြားတယ်။ ရွာနားမှာ လာပစ်ခတ်နေတော့ မနေရဲဘူး။ထွက်ပြေးနေရတယ်”ဟုတစ်လအတွင်း နောက်တစ်ကြမ် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။

အိမ်ခြေ နှစ်ထောင်ခန့်ရှိသော နတ်ချောင်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ အရပ်သားများအား သတ်ဖြတ်ခြင်းတို့ကို ၂၀၂၁ ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည်။ အရပ်သား ၂၀ဦးထက်မနည်း အသတ်ခံခဲ့ရပြီး အိမ်ခြေ ၄၀ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ဒေသခံအများစုသည် ဘေးလွတ်ရာတွင် တိမ်းရှောင်နေရဆဲဖြစ်ပြီး လူနည်းစုသာ ရွာသို့ပြန်လာနေသည်။ထိုအခြေအနေတွင် စစ်ကောင်စီက ရွာအနီးပစ်ခတ်မှုများ ပြုလုပ်နေ၍ ဒေသခံများ စိုးရိမ်ထိန့်လန့်​နေကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ရွာကဒုက္ခရောက်ပြီးအခုမှလူတွေ ပြန်နေကာစပဲရှိသေးတယ်။ အခုထပ်​​​ပြေးကြရပြန်တယ်။ နေရေး စားရေး ဒုက္ခအရမ်းများတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook