အကြမ်းဖက်စစ်ကောင်စီကနေအိမ်များကို မီးရှို့ပြီး ဒေသခံများကို သတ်ဖြတ်ခဲ့၍ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သော ကလေးမြို့နယ် နတ်ချောင်းရွာအနီးသို့ စစ်ကောင်စီတပ် နောက်တစ်ကြိမ်စစ်ကြောင်းထိုးလာ၍ ဒေသခံပြည်သူများများ ထွက်ပြေးနေရကြောင်းဒေသခံများက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ၂ရက်) နံနက် အစောပိုင်းတွင် နတ်ချောင်းရွာအနီးသို့အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဟိုဘက်ရွာမှာ မိုင်းထိလို့ ရမ်းသမ်းပစ်ခတ်တာလို့လည်း ကြားတယ်။ ရွာနားမှာ လာပစ်ခတ်နေတော့ မနေရဲဘူး။ထွက်ပြေးနေရတယ်”ဟုတစ်လအတွင်း နောက်တစ်ကြမ် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။
အိမ်ခြေ နှစ်ထောင်ခန့်ရှိသော နတ်ချောင်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ အရပ်သားများအား သတ်ဖြတ်ခြင်းတို့ကို ၂၀၂၁ ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည်။ အရပ်သား ၂၀ဦးထက်မနည်း အသတ်ခံခဲ့ရပြီး အိမ်ခြေ ၄၀ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ဒေသခံအများစုသည် ဘေးလွတ်ရာတွင် တိမ်းရှောင်နေရဆဲဖြစ်ပြီး လူနည်းစုသာ ရွာသို့ပြန်လာနေသည်။ထိုအခြေအနေတွင် စစ်ကောင်စီက ရွာအနီးပစ်ခတ်မှုများ ပြုလုပ်နေ၍ ဒေသခံများ စိုးရိမ်ထိန့်လန့်နေကြခြင်းဖြစ်သည်။

Public Service Announcement
“ရွာကဒုက္ခရောက်ပြီးအခုမှလူတွေ ပြန်နေကာစပဲရှိသေးတယ်။ အခုထပ်ပြေးကြရပြန်တယ်။ နေရေး စားရေး ဒုက္ခအရမ်းများတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။


















































