Connect with us

Hi, what are you looking for?

News

စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို Myanmar Witness စုံစမ်းစစ်ဆေးမယ်

အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တွေက မြန်မာနိုင်ငံမှာ လုံခြုံ ရေး တပ်ဖွဲ့ဝင်တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး သတ် မှတ်ထားပြီး ပြစ်တင်ရှုတ်ချထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ Myanmar Witness အဖွဲ့ကို ဇူလိုင် ၆ ရက်မှာ စတင်ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ်အပေါ် အနောက်နိုင်ငံတွေရဲ့ဖိအားတိုးမြှင့်နေချိန်မှာ ဗြိတိန်အစိုးရရဲ့ ဘဏ္ဍာရေးထောက်ပံ့မှုနဲ့ Myanmar Witness အဖွဲ့ပေါ်ထွက်လာခဲ့တာပါ။

“Myanmar Witness ဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ဖြစ်နိုင်ချေရှိတဲ့နှောင့်ယှက်မှုဖြစ် ရပ်တွေကို လွတ် လပ်စွာ စုဆောင်းမယ်၊ ထိန်းသိမ်းမယ်၊ အရေးယူဆောင်ရွက်မယ်၊ စုံစမ်း စစ်ဆေးမယ်၊ တိုက်ဆိုင်စစ်ဆေးမယ်၊ သုံးသပ်သွားပါမယ်” လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

Myanmar Witness ဟာ မြန်မာနိုင်ငံမှာသံသယရှိတဲ့ရာဇဝတ်မှုကျူးလွန်မှုတွေအတွက် ဖွဲ့ စည်းထားတဲ့ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ကို သတင်းအချက်အလက် တွေ မျှဝေသွားမယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အထက်ပါအဖွဲ့ဟာ မြန်မာပြည်သူတွေ အချက်အလက်တွေ တင်သွင်းဖို့ကို တိုက်တွန်းခဲ့ပြီး လူမှုကွန်ရက်မှာရှိတဲ့ဖြစ်ရပ်တွေကို လွတ်လပ်စွာတိုက်ဆိုင်စစ်ဆေးမယ်လို့ ပြောပါ တယ်။

မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ သတ်ဖြတ်တာတွေ၊ တိုက်ခိုက်တာတွေနဲ့ အခြား သော ကျူးလွန်မှုတွေကို ရုပ်ပုံတွေ၊ ရုပ်သံမှတ်တမ်းတွေကို လူမှုကွန်ရက်မှာ လွှင့်တင် ထားကြပါတယ်။

ဒါ့အပြင် Myanmar Witness ဟာ မြန်မာစစ်တပ်ရဲ့ လက်တုံ့ပြန်မှုတွေ၊ အရပ်သားတွေနေထိုင်ရာနဲ့ ဘာသာရေးဆိုင် ရာအဆောက်အဦတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ ဆန္ဒပြသူတွေကို မသတ်ဖြတ်ရင်တောင် ရည်ရွယ်ချက်ရှိရှိ အန္တရာယ်ပြုတဲ့ဖြစ်ရပ်တွေကို ဖော်ထုတ်ပြီး တိုက်ဆိုင် စစ်ဆေးပြီးပြီလို့ ဆိုပါတယ်။

အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တွေက မြန်မာနိုင်ငံမှာ လုံခြုံ ရေး တပ်ဖွဲ့ဝင်တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး သတ် မှတ်ထားပြီး ပြစ်တင်ရှုတ်ချထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။