Connect with us

Hi, what are you looking for?

News

မြန်မာ့အရေး နိုင်ငံတကာ၏တုံ့ပြန်မှု ထိရောက်မှုမရှိကြောင်း တောင်ကိုရီးယားအမတ်များနှင့် လူမှုအဖွဲ့အစည်းများ ထောက်ပြ

တောင်ကိုရီးယား၊ အာဆီယံနှင့် အီးယူ၊ ကမ္ဘာ့ကုလသမဂ္ဂ အစရှိသည့် နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများနှင့် ပူးပေါင်းခြင်း၊ ပံ့ပိုးခြင်းတို့ကို ပြုလုပ်လာခဲ့သော်လည်း အလွန်အားနည်းခဲ့ သည်ဟု ထုတ်ပြန်သည်။

ဓာတ်ပုံ - NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံး

မြန်မာနိုင်ငံတွင် စစ်တပ်က တရားမဝင်အာဏာသိမ်းခြင်း ၁ နှစ်ပြည့်ချိန်အထိ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ၏တုံ့ပြန်မှုသည် ထိရောက်မှုမရှိကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ်များနှင့် လူမှုအဖွဲ့အစည်းများက ထောက်ပြဝေဖန်လိုက်သည်။

တောင်ကိုရီးယားလွှတ်တော်ဝန်းအတွင်း လွှတ်တော်အမတ်များနှင့် မြန်မာ့ဒီမို ကရေစီကို ထောက်ခံသည့် တောင်ကိုရီးယားလူမှုအဖွဲ့အစည်း ၁၀၆ ဖွဲ့တို့ ယနေ့(ဖေဖော်ဝါရီ ၃ ရက်)ပြုလုပ်သော မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရရှိရေး သတင်းစာရှင်းလင်းပွဲအပြီး သတင်းထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြသည်။

တောင်ကိုရီးယား၊ အာဆီယံနှင့် အီးယူ၊ ကမ္ဘာ့ကုလသမဂ္ဂ အစရှိသည့် နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများနှင့် ပူးပေါင်းခြင်း၊ ပံ့ပိုးခြင်းတို့ကို ပြုလုပ်လာခဲ့သော်လည်း အလွန်အားနည်းခဲ့ သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် စစ်အုပ်စုအတွက် ငွေကြေးစီးဝင်ရာဖြစ်နေသော ကိုရီးယားကုမ္ပဏီများ၊ poscoအင်တာနယ်ရှင်နယ်၊ ကိုရီးယားဂက်စ် စသည့်ကုမ္ပဏီများအနေဖြင့် စစ်အုပ်စုထံ ငွေကြေးမစီးဝင်ရန် တားဆီးရမည်ဟု တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း စစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုကို ရပ်တန့်ရန်၊ အာဆီယံ သဘောတူညီမှု ၅ ချက်ကို လိုက်နာရန်၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ ပြည်သူ့အစိုးရထံ အာဏာပြန်လည် အပ်နှင်းရန်၊ နိုင်ငံတကာ၏ လူသားချင်း စာနာသည့်အကူအညီပေးမှုတွေကို ခွင့်ပြုရန် နှင့် စေတနာ့ဝန်ထမ်းများ၏ လုံခြုံရေးကို အာမခံရန် တောင်းဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။