Connect with us

Hi, what are you looking for?

News

ငွေတုသယ်လာသူနှင့်ကားကို PDF ဖမ်းဆီး

“မနေ့က ၁၂ လောက်က မိတာ။ပါဆယ် ယူမှာက ဂန့်ဂေါဘက်က။လောလောဆယ် စစ်ဆေးဆဲ အခြေအနေမို့ နောက်ဆက်တွဲတော့မသိရသေးဘူး”ဟု ပုလဲ ပ.က.ဖ အဖွဲ့ဝင် ဗိုလ်ပုလဲ က လူထုနွေဦးသို့ ပြောသည်။

ငွေတုများ သယ်ဆောင်လာသည့် ယာဥ်နှင့် လူပုဂ္ဂိုလ်သုံးဦးအား ဖမ်းဆီးရမိကြောင်း စစ်ကိုင်း တိုင်း၊ပုလဲ မြို့နယ် အခြေစိုက် Royal Eagle တပ်ဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၃ ရက် နေ့လည် ခန့်ကHighClass Express ယာဥ်အားမသက်ာ သဖြင့် တားဆီးစစ်ဆေးစဥ် တစ်သောင်းကျပ်တန် ငွေစက္ကူအတု အရွက် ငါးဆယ်ကို တွေ့ရှိခဲ့သည်။

ထို့အပြင် ငွေစက္ကူအတုများထုတ်လုပ်ရန်ရည် ရွယ်ချက်ဖြင့် သယ်ဆောင်လာသော မိတ္တူစက်များကိုလည်း ယာဥ်ပေါ်မှ ထပ်မံသိမ်းဆည်းရမိကြောင်းလည်းသိရသည်။

“မနေ့က ၁၂ လောက်က မိတာ။ပါဆယ် ယူမှာက ဂန့်ဂေါဘက်က။လောလောဆယ် စစ်ဆေးဆဲ အခြေအနေမို့ နောက်ဆက်တွဲတော့မသိရသေးဘူး”ဟု ပုလဲ ပ.က.ဖ အဖွဲ့ဝင် ဗိုလ်ပုလဲ က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်အတွက် ပုလဲပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)လက်​အာက်ခံ Royal Eagle တပ်ရင်း ၊ (ပုံတောင်တိုက်ဂါး Royal Eagle တပ်ခွဲ ၂) နှင့်​(ပုလဲနယ်တောင်ပေါ် ပုဏ္ဏက Royal Eagle တပ်ခွဲ ၃)တို့ကထပ်မံစစ်ဆေးမေးမြန်းပြီးနောက် ထိုသံသယဖြစ်ဖွယ်တရားခံသုံးဦး၊Expressကား၊မိတ္တူစက်များနှင့်Expressအတွင်းပါလာသောအခြားပစ္စည်းများအား လွတ်မြောက်နယ်မြေသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။