Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတွင် မြင်းမူဘက်မှလာသော စစ်ဘေးရှောင်ပြည်သူ ၂၄၀ ခန့်ရှိ၊ အကူအညီများလိုအပ်နေ

စစ်ဘေးရှောင်ပြည်သူများတွင် အမျိုးသား ၁၀၀ ဦးနှင့် အမျိုးသမီး ၁၃၆ ဦးရှိပြီး စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းမြို့နယ်အတွင်း ရောက်ရှိနေသော စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်(ဓာတ်ပုံ - ပေးပို့)

စစ်ကိုင်းမြို့နယ်အတွင်းသို့ မြင်းမူဘက်မှရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူ ၂၄၀ ဦးခန့်ရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)လက်အောက်ခံ Sagaing District Medical Team(SDMF)က ယနေ့ (ဖေဖော်ဝါရီ ၅) ထုတ်​ပြန်သည်။

စစ်ဘေးရှောင်ပြည်သူများတွင် အမျိုးသား ၁၀၀ ဦးနှင့် အမျိုးသမီး ၁၃၆ ဦးရှိပြီး စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းမြို့နယ်အတွင်း ရောက်ရှိနေသော စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်(ဓာတ်ပုံ – ပေးပို့)

“လိုအပ်ချက်ကတော့အများကြီးပါ။ လူလွတ် ထွက်ပြေးလာကြတာဆိုတော့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ စောင်တွေနဲ့ မိုးကာတွေ အထူးလိုအပ်ပါတယ်”ဟု SDMT မှ ဆေးတပ်သားတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ဘေးရှောင်ပြည်သူများအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေး အန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများက အစားအသောက်နှင့် ဆေးဝါးများအပါအဝင် အသုံးအဆောင်ပစ္စည်းကူညီထောက်ပံထားကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းမြို့နယ်အတွင်း ရောက်ရှိနေသော စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်(ဓာတ်ပုံ – ပေးပို့)

သို့သော် ရှောင်းတိမ်းနေထိုင်ကြရသည့်ရက်ရှည်လာသည်နှင့်အမျှ လိုအပ်ချက်များ ယခုထက်ပိုမိုရှိလာမည်ဖြစ်သောကြောင့် ပြည်သူမှ ပြည်သူသို့ အကူအညီပေးကြရန် SDMT ကမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။