Connect with us

Hi, what are you looking for?

News

NUGက​ လေ​ကြောင်းအန္တရာယ်ကာကွယ်​ရေး အကြံပြုချက်ပညာ​ပေးဗီနိုင်းများကို ကရင်ပြည်နယ်ရှိ​ ကျောင်းနှင့်​ဆေးရုံများတွင် ဖြန့်​ဝေ

ယခုအခါ တိုင်းရင်းသား ပြည်သူများအတွက် ​လေ​ကြောင်းအန္တရာယ်ကာကွယ်​ရေး ပညာ​ပေး အစီအစဥ်တွင်အသုံးပြုလာနိုင်သဖြင့် ထိုအစီအစဥ်တွင်တစ်​ထောင့်တစ်​နေရာမှ ကူညီခွင့်ရခဲ့၍ People’s Spring သတင်းဌာနဝိုင်း​တော်သားများကလည်း​ကျေနပ် ဂုဏ်ယူရပါသည်။

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ပြည်သူများ​နေထိုင်​သော ​ကျေးရွာ နှင့်စစ်​ဘေး​ရှောင်စခန်းများကိုပါ ပစ်ခတ်တိုက်ခိုက်လာ​သော​ကြောင့် ကရင်ပြည်နယ်တွင်​ လေ​ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာပါက ပြည်သူများ ကာကွယ်နိုင်ရေးအတွက် ကရင်ဘာသာဖြင့်​ရေးသားထား​သော ပညာ​ပေးဗီနိုင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီး နော်ဆူဆန်နာလှလှစိုးက ဖြန့်ဝေပေးနေသည်။

ကမ္ဘာ့ကျန်းမာ​ရေးအဖွဲ့- WHO၏ လမ်းညွှန်ချက်ကို စကောကရင်ဘာသာသို့ ဘာသာပြန်၍ ကရင်ပြည်နယ်ရှိ ပြည်သူများစာသင်ကျောင်းများနှင့် ဆေးရုံများသို့ ဖြန့်ဝေပေးထားသည်ဟု NUG၏ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဆန်နာလှလှစိုးက သူ၏ ​ဖေ့စ်ဘွတ်ခ်တွင်​ရေးသား၍ သတင်းထုတ်ပြန်သည်။ ထိုသို့ဖြန်​ဝေရာတွင် ကုန်ကျစာရိတ်များကို Free Burma Ranger အဖွဲ့က ကူညီလှူဒါန်းသဖြင့် ​ကျေးဇူးတင်ရှိ​ကြောင်းလည်း ဝန်ကြီးက​​ရေးသားထားသည်။

လတ်တလောတွင် ကရင်ပြည်နယ်သို့ ဖြန့်ဝေနေပြီး အခြားစစ်ဘေးသင့်ဒေသများသို့လည်း သက်ဆိုင်ရာဘာသာစကားများသို့ ဘာသာပြန်ပြီး ထပ်မံပို့ပေးသွားမည်ဟုလည်း သိရသည်။

“လူ့ယဥ်ကျေး ၂၁ ရာစုခေတ်မှာ အခုလိုလေကြာင်းရန်သတိပေး၊ပညာပေးတွေထုတ်ဝေနေရတာ တကယ်စိတ်မကောင်းစရာပါပဲ” ဟု နော်ဆူဆန်နာလှလှစိုးက ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ကမ္ဘာကျန်းမာ​ရေးအဖွဲ့က အင်္ဂလိပ်ဘာသာဖြင့်​ရေးသားထား​သော ​လေ​ကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြိုတင်ကာကွယ်​ရေး အကြံပြုချက်ကို People’s Spring (လူထု​နွေဦး)သတင်းဌာနက မြန်မာဘာသာသို့ပြန်ဆိုကာ စာဖတ်သူများလွယ်ကူစွာနားလည်ပြီးဖတ်ချင်စဖွယ်ဖြစ်​အောင် အင်ဖိုဂရပ်ဖစ် ဖြင့်​ဖော်ပြခဲ့သည်။ ယခုအခါ တိုင်းရင်းသား ပြည်သူများအတွက် ​လေ​ကြောင်းအန္တရာယ်ကာကွယ်​ရေး ပညာ​ပေး အစီအစဥ်တွင်အသုံးပြုလာနိုင်သဖြင့် ထိုအစီအစဥ်တွင်တစ်​ထောင့်တစ်​နေရာမှ ကူညီခွင့်ရခဲ့၍ People’s Spring သတင်းဌာနဝိုင်း​တော်သားများကလည်း​ကျေနပ် ဂုဏ်ယူရပါသည်။

ယခု​နောက်ပိုင်းတွင် အကြမ်းဖက်စစ်​ကောင်စီသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုင်းရင်းသူလက်နက်ကိုင်အဖွဲ့များအားကောင်းသည့် ဒေသများ၌ မြေပြင်တိုက်ပွဲများတွင်မရှုမလှ အရေးနိမ့်နေအထိနာ​လာသဖြင့် လူထုနေထိုင်ရာ မြို့၊ရပ်ကွက်နှင့် ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လာသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။