Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်သားများ အသုံးစရိတ်လိုအပ်ပါက ကျည်နှင့် ဗုံးသီးများ​ရောင်းချနိုင်​ကြောင်း CDF မင်းတပ်​ကြေညာ

လက်ရှိတွင် မင်းတပ်မြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ကျောက်ထု၊ ဆော၊ ဂန့်ဂေါနှင့်ထီးလင်းမြို့နယ်များရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ တပ်သားများအနေဖြင့် ​ငွေ​ကြေးအသုံးစရိတ်လိုအပ်ပါက ကျည်နှင့် ဗုံးသီးများ ရောင်းချနိုင်ကြောင်း CDF-Mindat မှ ယနေ့(ဖေဖော်ဝါရီ ၇) ကြေညာချက်ထုတ်ပြန်သည်။

“ရောင်းချင်တဲ့သူတွေရှိတယ်ဆိုရင် ရောင်းလို့ရနိုင်အောင် တရားဝင်ကြေညာပေးတာမျိုးပါ”ဟု CDF မင်းတပ်မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

အသုံးစရိတ်လိုအပ်သည့် စစ်ကောင်စီတပ်သားများသည် ဖုန်းနံပတ် 09448685594ကို ဆက်သွယ်၍ MAကျည် ၊40 MM နှင့် 60 MM တို့ကို ရောင်းချနိုင်သည်ဟု အသိပေးထားသည်။

လက်ရှိတွင် မင်းတပ်မြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

ယခု ​ဖေ​ဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်က မတူပီမှဆင်းလာသော စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်မှ မင်းတပ်-မတူပီလမ်း‌ပေါ် တွင် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်းသေဆုံးကာ MA 3 တစ်လက် သိမ်းယူရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook