Connect with us

Hi, what are you looking for?

News

မလှိုင်မြို့နယ်မှစစ်​ကောင်စီ​ဝန်ထမ်းများပြည်သူနှင့် အမြန်ဆုံးပူး​ပေါင်းရန်​ဒေသတွင်းPDFများ သတိပေး

ကျောက်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းက ၎င်း၏နေအိမ်အတွင်းရှိနေစဥ်မှာပင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး သေဆုံးသွားသည်ဟုသိရကြောင်းဒေသခံတစ်ဦးက ​ပြောသည်။

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ သစ္စာခံများ အနေဖြင့် အမြန်ဆုံး ပြည်သူလူထုနှင့်ပူးပေါင်းကြရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးတိုက်တွန်းသည်။

အကြမ်းဖက်အာဏာလုစစ်ကောင်စီထံ သစ္စာခံ၍ အလုပ်လုပ်နေကြသော ဝန်ထမ်းများအား CDM ပြုလုပ်ခြင်းဖြင့် ပြည်သူလူထုနှင့်ပူးပေါင်းရန်အတွက် တော်လှန်ရေးအင်အားစုများမှ စည်းရုံးမှုပြုလုပ်လာခဲ့သည်မှာ အချိန်အားဖြင့် တစ်နှစ်ကျော်လာခဲ့ပြီဖြစ်သောကြောင့် လုံလောက်သောအချိန်အတိုင်းအတာတစ်ခုဖြစ်သည်ဟု သက်မှတ်ကြောင်း Under Ground From Mahlaing (UGFM)နှင့် Myingyan Twenty one Guerilla Foce (MTGF) အဖွဲ့တို့က ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အသိပေးသည်။

ထို့အတွက် မလှိုင်မြို့နယ်အတွင်းရှိ ပြည်သူလူထုနှင့်ပူးပေါင်းခြင်းမရှိသော အကြမ်းဖက်စစ်ကောင်စီသစ္စာခံ ဝန်ထမ်းများထဲမှ ကျောက်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ၎င်း၏နေအိမ်၌ပင် အရေးယူမှုစတင်လိုက်ကြောင်း၊ တော်လှန်ရေးအင်အားစုများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီသစ္စာခံ မည်သူ့ကိုဖြစ်စေ ၎င်းတို့၏ နေအိမ်များအထိသွားရောက်ရှင်းလင်းနိုင်စွမ်းရှိ သည်ကို သိရှိထားစေလိုပြီး အကြမ်းဖက်အာဏာလုစစ်ကောင်စီ၏သစ္စာခံများ အနေဖြင့် အမြန်ဆုံး ပြည်သူလူထုနှင့်ပူးပေါင်းကြရန် တိုက်တွန်း​ကြောင်း ​ဖော်ပြထားသည်။

ဆက်လက်၍ တော်လှန်ရေးအင်အားစုများမှ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ရန် ပြင်ဆင်နေချိန် ကာလအတွင်း အကြမ်းဖက် အာဏာလုပ်စစ်ကောင်စီ သစ္စာခံဝန်ထမ်းအားလုံး (ဖရဲသီးများမပါ)”အား အဆင့်အလိုက်အရေးယူမှုများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
Under Ground From Mahlaing (UGFM)နှင့် Myingyan Twenty one Guerilla Foce (MTGF) အဖွဲ့တို့ကအသိပေးသည်။

Public Service Announcement

Public Service Announcement

ကျောက်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းက ၎င်း၏နေအိမ်အတွင်းရှိနေစဥ်မှာပင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး သေဆုံးသွားသည်ဟုသိရကြောင်းဒေသခံတစ်ဦးက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။