စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ရဲစခန်း နှင့် ထွေအုပ်ရုံးမှအာသိမ်း စစ်ကောင်စီတပ်ကိုဒုတိယအကြိမ် ဝင်တိုက်ရာစစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သူများနိုင်သည့်အပြင် နာမည်ကြီး ဒလန် နှစ်ဦးပါ သေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ပြောသည်။

“မနေ့က(ဖေဖော်ဝါရီ ၆ ရက်)ည ၁၀ နာရီလောက်က ဝင်တိုက်တာ။စခ နဲ့ ရခ သေတဲ့သူ နဲ့ အထိအခိုက်စာရင်းကို စောင့်နေရလို့ တရားဝင် သတင်းမထုတ်ပြန်သေးတာဗျ။မြို့ပေါ်က နာမည်ကြီးဒလန်နှစ်ဦးက သေ သွားတယ်ဆိုတာ အတည်ပြုရတယ်”ဟု ဗိုလ်ဂျပန်ကပြောသည်။
ယမန်နေ့ ညက တိုက်ပွဲကို ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)၊ကျားသစ်နက်၊M.P.L၊ဒေါင်းနက်၊မြိုင်LDF၊ကနီအဖွဲ့၊MPL အဖွဲ့တို့ပူးပေါင်း၍ လက်နက်ကြီး နှင့် လက်နက်ငယ် များဖြင့် တိုက် ခိုက်ခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိ့ရသည်။
စစ်ကောင်စီတပ်က အတိုက်ခံရပြီးနောက်သေနတ်ဖြင့်ရမ်းသန်းပစ်ခတ်သလို ပုလဲ မြို့ရှိနေအိမ်အချို့ကို မီးရှို့သဖြင့် နေအိမ်အချို့ မီးလောင်ခဲ့ကြောင်းဒေသခံအချို့ကပြောသည်။

Public Service Announcement
ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ပုလဲမြို့နယ်ရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများအပါအဝင် ရှစ်ဦးသေဆုံးခဲ့သည်ဟု PRA ကသတင်းထုတ်ပြန်ထားသည်။
ပုလဲမြို့နယ်အစွန် အရှေ့တောင်ဘက်ခြမ်းတွင်ရှိသည့် ရဲစခန်း၊ အကြမ်းဖက်စစ်တပ်ကိုထောက်ခံပြီး လက်ခံထားသည့်နေအိမ်တစ်အိမ် နှင့် ပုလဲမြို့အဝင် မြောက်ခြမ်းရှိ အထွေထွေအုပ်ချုပ်ရေးရုံးတို့အား အဖွဲ့သုံးဖွဲ့ခွဲကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ပုလဲမြို့နယ်ရှိ မင်းတိုင်ပင်၊ အင်မထီး၊ မွေ့တုံ၊ ပန်းရွာ၊ ကိုင်းတွင်း၊ လှော်ကားကြီး အစရှိသည့် ကျေးရွာများကို ဖေဖော်ဝါရီ ၁ရက်ကတည်းက နေ့စဥ်အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁,၀၀၀ ကျော်မီးလောင် ပျက်စီးခဲ့သည်။


















































