Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီဘက်မှအ​ယောင်​ဆောင်မြို့ပြ​ပြောက်ကျားအဖွဲ့​ပေါ်​နေ၍ ရှင်းလင်းမည်ဟု မုံရွာ​တော်လှန်​ရေးအဖွဲ့များထုတ်ပြန်

အဆိုပါထုတ်ပြန်ကြေညာချက်ကို မုံရွာသံမဏိတပ်ဖွဲ့၊Monywa Heroes Group၊လောကနတ်၊PDF-South Monywa၊Monywa NightKing၊Monywa The Boys၊Red Code Revolution၊ACF Monywa၊Monywa Phoenix Warriorနှင့် Monywa Ninjaတို့မှ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် စစ်​ကောင်စီဘက်မှအ​ယောင်​ဆောင် မြို့ပြ ပြောက်ကျားအဖွဲ့အသုံးပြုလာ၍ မုံရွာမြို့ပြပြောက်ကျား၁၀ဖွဲ့မှရှင်းလင်းမည်ဟုယ​နေ့ညတွင်ထုတ်ပြန်ကြေညာလိုက်သည်။

မုံရွာမြို့တွင် မြို့ပြUGပြောက်ကျားအဖွဲ့များနှင့်အပြိုင် စစ်ကောင်စီဘက်မှ အယောင်ဆောင်UGအဖွဲ့များကို မုံရွာမြို့ပေါ်တွင် အသုံးပြုလျက်ရှိပြီး အယောင်ဆောင် UGအဖွဲ့များကို ရှင်းလင်းသုတ်သင်မည်ဟုမုံရွာမြို့ပြပြောက်ကျား၁၀ဖွဲ့မှ ထုတ်ပြန်ကြေညာသည်။

မုံရွာပြည်သူလူထုနှင့် UGပြောက်ကျားတပ်ဖွဲ့များကို သွေးခွဲမှုများစစ်ကောင်စီဘက်မှ ပြုလုပ်လာပြီး မြို့ပြပြောက်ကျား၁၀ဖွဲ့မှ စုံစမ်းလျက်ရှိကာ UG အတုအယောင်များမှာ Monywa Special ဒိတ်ဒိတ်ကြဲနှင့် Monywa Red Fire တို့သည် မြို့ပေါ်တွင် အယောင်ဆောင်UGအဖြစ် အသုံးပြုနေကြောင်း ယနေ့တွင်ထုတ်ပြန်ကြေညာသည်။

အဆိုပါထုတ်ပြန်ကြေညာချက်ကို မုံရွာသံမဏိတပ်ဖွဲ့၊Monywa Heroes Group၊လောကနတ်၊PDF-South Monywa၊Monywa NightKing၊Monywa The Boys၊Red Code Revolution၊ACF Monywa၊Monywa Phoenix Warriorနှင့် Monywa Ninjaတို့မှ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သံသယရှိခံရသည့် Monywa Red Fire PDFကလည်း အသိပေးစာတစ်စောင်ယနေ့ညတွင်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့သည် စစ်ကောင်စီမှအယောင်ဆောင်အဖွဲ့ လုံးဝ(လုံးဝ)မဟုတ်ပါကြောင်း၊ တာဝန်ရှိသည့် ပုဂ္ဂိုလ်များမှလာရောက်သေချာစုံစမ်းမေးမြန်းမှုများပြုလုပ်နိုင်ပြီး ၎င်းတို့အဖွဲ့သည် လူနည်းစုနှင့်ဖွဲ့စည်းထားသောအဖွဲ့ငယ်သာဖြစ်ကြောင်း၊ လက်လုပ်မိုင်းမို့သာ အသံထွက်မှုနည်းခြင်းကြောင့်နားလည်မှုလွဲခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့သည် Monywa Special ဒိတ်ဒိတ်ကြဲ PDFမှလက်ခွဲ၍ တည်ထောင်ထားသောအဖွဲ့ဖြစ်ကြောင်းအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။