Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီဘက်မှအ​ယောင်​ဆောင်မြို့ပြ​ပြောက်ကျားအဖွဲ့​ပေါ်​နေ၍ ရှင်းလင်းမည်ဟု မုံရွာ​တော်လှန်​ရေးအဖွဲ့များထုတ်ပြန်

အဆိုပါထုတ်ပြန်ကြေညာချက်ကို မုံရွာသံမဏိတပ်ဖွဲ့၊Monywa Heroes Group၊လောကနတ်၊PDF-South Monywa၊Monywa NightKing၊Monywa The Boys၊Red Code Revolution၊ACF Monywa၊Monywa Phoenix Warriorနှင့် Monywa Ninjaတို့မှ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် စစ်​ကောင်စီဘက်မှအ​ယောင်​ဆောင် မြို့ပြ ပြောက်ကျားအဖွဲ့အသုံးပြုလာ၍ မုံရွာမြို့ပြပြောက်ကျား၁၀ဖွဲ့မှရှင်းလင်းမည်ဟုယ​နေ့ညတွင်ထုတ်ပြန်ကြေညာလိုက်သည်။

မုံရွာမြို့တွင် မြို့ပြUGပြောက်ကျားအဖွဲ့များနှင့်အပြိုင် စစ်ကောင်စီဘက်မှ အယောင်ဆောင်UGအဖွဲ့များကို မုံရွာမြို့ပေါ်တွင် အသုံးပြုလျက်ရှိပြီး အယောင်ဆောင် UGအဖွဲ့များကို ရှင်းလင်းသုတ်သင်မည်ဟုမုံရွာမြို့ပြပြောက်ကျား၁၀ဖွဲ့မှ ထုတ်ပြန်ကြေညာသည်။

မုံရွာပြည်သူလူထုနှင့် UGပြောက်ကျားတပ်ဖွဲ့များကို သွေးခွဲမှုများစစ်ကောင်စီဘက်မှ ပြုလုပ်လာပြီး မြို့ပြပြောက်ကျား၁၀ဖွဲ့မှ စုံစမ်းလျက်ရှိကာ UG အတုအယောင်များမှာ Monywa Special ဒိတ်ဒိတ်ကြဲနှင့် Monywa Red Fire တို့သည် မြို့ပေါ်တွင် အယောင်ဆောင်UGအဖြစ် အသုံးပြုနေကြောင်း ယနေ့တွင်ထုတ်ပြန်ကြေညာသည်။

အဆိုပါထုတ်ပြန်ကြေညာချက်ကို မုံရွာသံမဏိတပ်ဖွဲ့၊Monywa Heroes Group၊လောကနတ်၊PDF-South Monywa၊Monywa NightKing၊Monywa The Boys၊Red Code Revolution၊ACF Monywa၊Monywa Phoenix Warriorနှင့် Monywa Ninjaတို့မှ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သံသယရှိခံရသည့် Monywa Red Fire PDFကလည်း အသိပေးစာတစ်စောင်ယနေ့ညတွင်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့သည် စစ်ကောင်စီမှအယောင်ဆောင်အဖွဲ့ လုံးဝ(လုံးဝ)မဟုတ်ပါကြောင်း၊ တာဝန်ရှိသည့် ပုဂ္ဂိုလ်များမှလာရောက်သေချာစုံစမ်းမေးမြန်းမှုများပြုလုပ်နိုင်ပြီး ၎င်းတို့အဖွဲ့သည် လူနည်းစုနှင့်ဖွဲ့စည်းထားသောအဖွဲ့ငယ်သာဖြစ်ကြောင်း၊ လက်လုပ်မိုင်းမို့သာ အသံထွက်မှုနည်းခြင်းကြောင့်နားလည်မှုလွဲခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့သည် Monywa Special ဒိတ်ဒိတ်ကြဲ PDFမှလက်ခွဲ၍ တည်ထောင်ထားသောအဖွဲ့ဖြစ်ကြောင်းအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။