Connect with us

Hi, what are you looking for?

News

မိုးနဲအမြောက်တပ်မှတပ်သား ၂ ဦး ပြည်သူနှင့်ပူး​ပေါင်းလာ

အဆိုပါ တပ်သား ၂ဦးသည် စစ်ကောင်စီ၏ မတရားဖိနှိပ်မှုများကို မခံရပ်နိုင်၍ ပြည်သူ့ဘက်ရပ်တည်လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ၂ဦးလုံး ပြည်သူ့ပန်းတိုင်၏ အကူအညီဖြင့်ဘေးကင်းလုံခြုံရာနေရာသို့ ရောက်ရှိပြီဟု ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့ အခြေစိုက် အမြောက်တပ်(၃၆၃) မှ တပ်သား ၂ဦး ပြည်သူ့ပန်းတိုင်အဖွဲ့နှင့်ဆက်သွယ်ပြီး ပြည်သူ့ဘက် ရပ်တည်လာခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ တပ်သား ၂ဦးသည် စစ်ကောင်စီ၏ မတရားဖိနှိပ်မှုများကို မခံရပ်နိုင်၍ ပြည်သူ့ဘက်ရပ်တည်လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ၂ဦးလုံး ပြည်သူ့ပန်းတိုင်၏ အကူအညီဖြင့်ဘေးကင်းလုံခြုံရာနေရာသို့ ရောက်ရှိပြီဟု ဖော်ပြထားသည်။

“စကစ ရဲ့ လက်အောက်မှာ ကျတော်တို့ ဘယ်လိုမှ မနေနိင်တော့ဘူး။ အရင်ကတည်းက ကျတော်တို့နှစ်ယောက် ပြည်သူ့ဘက်ကူးပြောင်းရပ်တည်ဖို့အတွက် နည်းလမ်းပေါင်းစုံ ကြံစည်နေတာ။ အခု အခြေအနေတစ်ခုပေးလာတော့ ကျတော်တို့ ရအောင်ကြိုးစားပြီး ထွက်ခဲ့ရတာပဲ” ဟု ပြည်သူ့ဘက် ရပ်တည်လာသည့် စစ်သည်တစ်ဦး၏ ပြောဆိုချက်ကုလည်း ဖော်ပြထားသည်။

အောက်ခြေစစ်သည်များ မည်သည့်နေရာမှ သွားလာခွင့်မရခြင်း၊ မိဘအိမ်မပြန်ရခြင်း၊ လစာများကို ဘဏ်စုငွေအဖြစ် ပြန်သွင်းခိုင်းခြင်း၊ ဘဏ်စုငွေ ထုတ်ခွင့်မရခြင်းအခြေအနေများ ကြံရကြောင်းလည်း အဆိုပါ စစ်သည်က ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့တပ်က ရှမ်းပြည်ဘက်က တပ်တစ်ခုဖြစ်တယ်၊ အုတ်တွင်းဘက်မှာ စုဖွဲ့မှုလာလုပ်ရတာ။ အထက်က ကျတော်တို့ကို ဘယ်ကိုသွားရမယ်၊ ဘာလုပ်ရမယ်ဆိုတာ ဘာမှပြောမထားဘူး။ အခု ကျတော်တို့ ပြည်သူ့ပန်းတိုင်ရဲ့ အချိတ်အဆက်အကူညီတွေနဲ့ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိနေပါပြီ။ ကျတော်တို့တပ်မှာ အောက်ခြေစစ်သည်တွေ ထပ်ပြီးထွက်လာဖို့တွေလည်း ရှိနေပါတယ်။” ဟု အဆိုပါ စစ်သည်က ပြောသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့သည် ယခင် ပြည်သူ့စစ်သား – People’s Soldiers အဖွဲ့တွင် ပါဝင်ခဲ့သည့် ပြည်သူများ၏ ဦးဆောင်မှုဖြင့် ပြည်သူ့အခြေပြု အဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။