Connect with us

Hi, what are you looking for?

News

မြောက်ဒဂုံတွင် စစ်​ကောင်စီယာဥ်အား လက်သုံး​ချောင်း​ထောင်ပြသည့် အမျိုးသား ပစ်သတ်ခံရ

ပစ်ခတ်ခံရသူ အမျိုးသား၏ အလောင်းကို စစ်​ကောင်စီတပ်က သယ်ယူသွားပြီး နေ့လည် ၁၁ နာရီကျော်သည်အထိ အခင်းဖြစ်ပွားရာနေရာအနီး၌ အကြမ်းဖက်စစ်တပ်က အင်အားအများအပြားဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီ၏ယာဥ်အား လက်သုံးချောင်းထောင်ပြသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

ဖြစ်စဥ်မှာ ယနေ့ (ဖေဖော်ဝါရီ ၉)နံနက် ၁၀နာရီခွဲခန့်က (၄၈)ရပ်ကွက် ဗထူးလမ်းမပေါ်ရှိ 360 ဓာတ်ဆီ ဆိုင်ရှေ့၌ အကြမ်းဖက်စစ်တပ်၏ Double Cab ယာဥ်ပေါ်မှ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“စစ်ခွေးကား လာတဲ့အချိန် သူကလက်သုံးချောင်းထောင်ပြလိုက်တာတဲ့။ အဲဒီအကိုက နေ့တိုင်း ဒီရပ်ကွက်ထဲမှာ မြင်နေကြ။။တချို့ကပြောတာတော့ သူကစိတ်ကျန်းမာရေးသိပ်မကောင်းဘူးတဲ့။အသက်က ၃၀ ကျော် ၄၀ လောက်ပဲရှိသေးတာ”ဟု (၄၈)ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူ အမျိုးသား၏ အလောင်းကို စစ်​ကောင်စီတပ်က သယ်ယူသွားပြီး နေ့လည် ၁၁ နာရီကျော်သည်အထိ အခင်းဖြစ်ပွားရာနေရာအနီး၌ အကြမ်းဖက်စစ်တပ်က အင်အားအများအပြားဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်က နိုင်ငံ့အာဏာကို မတရားသိမ်းယူပြီးနောက်ပိုင်း တစ်နှစ်အတွင်း ပြည်သူများကို မတရားညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် ပြည်သူထောင်နှင့်ချီ သေဆုံးခဲ့ရသည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ တရားဝင်စာရင်းအရ ဖေဖော်ဝါရီ ၈ရက်အထိ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ပြည်သူ​ပေါင်း ၁,၅၂၉ ဦး ရှိ​နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်