▪️ စစ်ကောင်စီတပ်သား ၂၀ခန့်ထိခိုက်သေဆုံးနိုင်ဟု YFA ထုတ်ပြန်
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်အတွင်းတပ်စွဲထားသည့် ဗျူဟာမှူး အိမ်ရာဝန်းကို ဗုံးသီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Federal Army _YFAက ထုတ်ပြန်သည်။
ယနေ့(ဖေဖော်ဝါရီ ၁၁ရက်) နံနက် ၅နာရီ၁၅မိနစ်ခန့်ကစစ်ကောင်စီတပ်သား ၄၀ခန့် တပ်စွဲထားသည့် ဗျူဟာမှူး အိမ်ရာဝန်းအား YFA အဖွဲ့ နှင့် CGF_YGN အဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
M79 40mm ဗုံးသီးပစ်လောင်ချာဖြင့် နှစ်ချက်ပစ်ခတ်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား ၂၀ဦးခန့်ထိခိုက် သေဆုံးမှုလည်း ရှိနိုင်ကြောင်း YFAက အသိပေးသည်။

Public Service Announcement
ယခုမစ်ရှင်သည် ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ ပျံလွှားအောင်စစ်ဆင်ရေး တစ်စိတ်တပိုင်းဖြစ်ပြီး စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ ချေမှုန်း တိုက်ခိုက်သွားမည် ဖြစ်ကြောင်း YFAက ဆိုသည်။
အနီးပတ်ဝန်းကျင် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ပေါက်ကွဲအား ပြင်းထန်ပြီးထိခိုက်မှု ရှိ ပြီး ထိခိုက်မှုကို အတည်မပြုနိုင်သေးဟုလည်း ရွှေပြည်သာမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။


















































