Connect with us

Hi, what are you looking for?

သတင်း

ဗျူဟာ(၂၂)ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ် ကျဆုံး

အမျိုးသားညီညွတ်ရေးအစိုးNUG၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ပဲခူးအနောက်ရိုးမ ဗျူဟာ -၂၂ ရဲ့ဗျူဟာမှူး ရဲဘော်စောဂျိမ်း လေယာဉ်ဗုံးစထိမှန် ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက​ပြောပါတယ်။

(ဗျူဟာ -၂၂ ရဲ့ဗျူဟာမှူး ရဲဘော်စောဂျိမ်း )

ဇွန်-၁၁၊၂၀၂၆။ထားမြတ်၊နော်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးNUG၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ပဲခူးအနောက်ရိုးမ ဗျူဟာ -၂၂ ရဲ့ဗျူဟာမှူး ရဲဘော်စောဂျိမ်း လေယာဉ်ဗုံးစထိမှန် ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက​ပြောပါတယ်။

လေယာဉ်ဗုံးစထိမှန်မှုကြောင့်ရရှိထားတဲ့ ဒဏ်ရာတွေကို ဆေးကုသနေရင်း ဇွန်လ ၉ ရက်မှာကျဆုံးခဲ့တာလည်းဖြစ်ပါတယ်။

“ ဗုံးစကညာဘက်ရင်ဘတ်ကိုထိသွားတယ်ပြီးတော့အဆုတ်လည်းနည်းနည်းထိထားတယ် ။အဲ့ ဒဏ်ရာတွေကို ဆေးကုနေရင်း ကျဆုံးသွားတာပါ “လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားတဲ့ ဗျူဟာမှူး ရဲဘော်စောဂျိမ်းရဲ့ နာရေးကို ဇွန်လ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလလကုန်ပိုင်းကစပြီး ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်။စစ်တပ်က တိုက်ပွဲဖြစ်ပွါးရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

မေလ ကုန်ပိုင်းတိုက်ပွဲတစ်ခုမှာ စစ်တပ်က လေကြောင်းကနေဗုံး ကြဲမှုကြောင့် ဗျူဟာမှူး ရဲဘော်စောဂျိမ်းထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဗျူဟာမှူးရဲဘော်စောဂျိမ်းဟာ ပေါက်ခေါင်း – အုတ်တွင်းလမ်းပိုင်းမှာဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်စစ်ကြောင်း ပျက်တဲ့အထိ ဦးဆောင်တိုက်ခိုက်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

“ကိုယ့်ရဲဘော်ရဲဘက်တွေကျတာ ကျနော်တို့ အနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ တော်လှန်ရေးအတွက်လည်း ဆုံးရှုံးနစ်နာမှုကြီးတခုပါပဲ။ကျနော်တို့က အလုပ်ပိုလုပ်သွားရုံပဲ ရှိတာပေါ့ဗျာ” လို့PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပြောရေးဆိုခွင့်ရှိသူက People’s Spring ကိုပြောပါတယ်။

ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ နှစ်ရက်မကွယ်လွန်မီက PDF တပ်မတော်ရဲ့ ပဲခူးတိုင်း ဆွာမြို့နယ် ဆွာမကြီးရွာ စစ်တပ်စခန်းသိမ်းအောင်ပွဲသတင်းကိုသူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။

မေလ ၂၇ရက်ကလည်း “သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင်ထာ၀ရ ဘုရားရှိသည်ဟု မိန့်တော်မူ၏။” ဆိုတဲ့ ခွန်အားရစရာ ကျမ်းစာပိုဒ်ကိုလည်း ရဲဘော်စောဂျိမ်းစ်က သူရဲ့ ဖေ့စ်ဘွတ်ခ်မျာရေးသားခဲ့ပါတယ်။

ရဲဘော်စောဂျိမ်းစ်ဦးဆောင်တဲ့ ဗျူဟာ (၂၂) ဟာ ပဲခူးခရိုင်တပ်ရင်းတွေ ဖြစ်တဲ့ တပ်ရင်း(၃၇၀၁)၊ သာယာ၀တီခရိုင် တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း(၃၈၀၁)၊ (၃၈၀၂)၊ (၃၈၀၃) တပ်ရင်းတွေနဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။ ရဲဘော်စောဂျိမ်းစ်ဟာ ဗျူဟာ (၂၂) ကို တာဝန်မယူမှီ ၂၀၂၄ကာလတွေမှာမကွေးတိုင်းဂန့်ဂေါခရိုင် ဆောမြို့နဲ့ ကျင်ဒွေးမြို့တိုက်ပွဲတွေမှာပါဝင်ခဲ့သူဖြစ်ပြီးဂန့်ဂေါခရိုင်တပ်ရင်းများ၊ မင်းဘူးခရိုင်တ ပ်ရင်းများနဲ့အတူ လက်တွဲတိုက်ပွဲဝင်ခဲ့သူဖြစ်တယ်လို့ သူနဲ့အတူ တိုက်ပွဲဝင်ခဲ့ဖူးသူတယောက်က ရေးသားထားပါတယ်။

ရဲဘော်စောဂျိမ်းစ် ဦးဆောင်တဲ့ ဗျူဟာ (၂၂) တပ်တွေဟာ ဇီးကုန်း၊ နတ်တလင်း၊ မင်းလှ၊ အုတ်တွင်းစတဲ့ ဒေသတွေမှာစစ်တပ်ကိုအထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စိန်လုံဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် အပါအဝင် စစ်သား ၂၄ ဦးကို ​ကျောက်စခန်းအနီးတိုက်ပွဲ၌ KIA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ဖမ်းမိထားသူများထဲ၌ ကျိုက်ဒုံဗျူဟာမှူး ပါဝင်သည်ဟု KNU သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြီး အရေအတွက်ကို အသေးစိတ် မသိရကြောင်း ပြောသည်။

သတင်း

AAယခင်ကလည်း စစ်ကောင်စီ စစ်သင်္ဘော ၅စီးထက်မနည်းကို တိုက်ခိုက်နှစ်မြှုပ်ထားနိုင်ခဲ့ပြီး စစ်သင်္ဘောများ ထိခိုက်အောင် ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

စစ်တက္ကသိုလ်(DSA)အမှတ်စဥ် ၄၂ ​ကျောင်းဆင်းဗျူဟာမှူးဗိုလ်မှုးကြီးစိုးမင်းလတ်သည် တမူးမြို့ ဈေးတန်းရပ်ကွက်တွင်နေသူဖြစ်ပြီး မတူပီ-ဟားခါးလမ်းရှိ စစ်ကောင်စီ စစ်ဗျူဟာ ဌာနချုပ်စခန်းတွင် တာဝန်ကျနေသူဖြစ်ကြောင်း ၎င်း၏မိသားစုကိုသိ​သော တမူးမြို့ခံများက အတည်ပြုသည်။