Connect with us

Hi, what are you looking for?

News

ရထားလမ်းတံတားမိုင်းဆွဲခံရသည့်ဖြစ်စဥ် စစ်ကောင်စီတပ်သား အနည်းဆုံး သုံးဦးသေဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုပြော

ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် ရထားလမ်းတံတားလမ်းမှာ ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်၏ ရထား မှာလည်း မုပ္ပလင်ကျေးရွာအနီး ရပ်နားထားရသည်ဟု ဒေသခံသတင်းရင်းမြစ်အချို့က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

(ရန်ကုန်-ရေး- ထားဝယ် ရထားလမ်းပိုင်းရှိ တံတားတစ်ခုအား ဖောက်ခွဲဖျက်ဆီးသည်ကို ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဥ်)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်နှင့် စွပ္ပနူးကျေးရွာကြားရှိ ရထားလမ်း တံတား မိုင်းဆွဲခံရ သည့် ဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား အနည်းဆုံး သုံးဦးသေဆုံးကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၁) နံနက် ၈နာရီ မိနစ် ၂၀ခန့်က မုပ္ပလင်နှင့် စွပ္ပနူးကျေးရွာ ကြား ဦးကြာရိုးတံတားကို စစ်ရေးပစ်မှတ်အနေဖြင့် သတ်မှတ်ကာ မိုင်းဆွဲရန် ပြင်ဆင်စဥ် အကြမ်း ဖက်စစ်တပ်က လာရောက်စစ်ဆေးစဥ်ချိန်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မနေ့က မော်လမြိုင်ကနေ ရန်ကုန်ကို ခုနှစ်တွဲပါတဲ့ ရထားတစ်စီးတက်လာမယ်ဆိုတာ သတင်းအတိအကျ ရတယ်။အဲဒီရထားတွဲ မှာ စစ်ခွေးတွေက ခြောက်တွဲပါတယ်။နောက်တစ်တွဲ က လက်နက်ခဲယမ်းတွေ။ဒါကြောင့် မနေ့က ကတည်းက ကြိုပြင်ဆင်ထားတာ။ဒါပေမယ့် ရထားမရောက်ခင် စစ်ခွေးငါးကောင်က တံတားကိုလာစစ်တယ်။ကျွန်တော်တို့ရဲ့ အဓိက စစ်ရေးပစ်မှတ်မဟုတ်ခဲ့ပေမယ့်လို့ မဖြစ်မနေ တိုက်ခိုက်ခဲ့ရတယ်။လာစစ်တဲ့စစ်ခွေးတွေ သေတယ်ဆိုတာ အတည်ပြုရတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် ရထားလမ်းတံတားလမ်းမှာ ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်၏ ရထား မှာလည်း မုပ္ပလင်ကျေးရွာအနီး ရပ်နားထားရသည်ဟု ဒေသခံသတင်းရင်းမြစ်အချို့က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၈ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့အဖြစ် အသုံးပြုနေသည့် ရန်ကုန်-ရေး- ထားဝယ် ရထားလမ်းပိုင်းရှိ တံတားတစ်ခုအား ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု မွန်ပြည်နယ်အခြေပြုတော် လှန်ရေးအစည်းအရုံး MSRU က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။