Connect with us

Hi, what are you looking for?

LuduNwayOo

News

ရထားလမ်းတံတားမိုင်းဆွဲခံရသည့်ဖြစ်စဥ် စစ်ကောင်စီတပ်သား အနည်းဆုံး သုံးဦးသေဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုပြော

ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် ရထားလမ်းတံတားလမ်းမှာ ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်၏ ရထား မှာလည်း မုပ္ပလင်ကျေးရွာအနီး ရပ်နားထားရသည်ဟု ဒေသခံသတင်းရင်းမြစ်အချို့က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

(ရန်ကုန်-ရေး- ထားဝယ် ရထားလမ်းပိုင်းရှိ တံတားတစ်ခုအား ဖောက်ခွဲဖျက်ဆီးသည်ကို ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဥ်)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်နှင့် စွပ္ပနူးကျေးရွာကြားရှိ ရထားလမ်း တံတား မိုင်းဆွဲခံရ သည့် ဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား အနည်းဆုံး သုံးဦးသေဆုံးကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၁) နံနက် ၈နာရီ မိနစ် ၂၀ခန့်က မုပ္ပလင်နှင့် စွပ္ပနူးကျေးရွာ ကြား ဦးကြာရိုးတံတားကို စစ်ရေးပစ်မှတ်အနေဖြင့် သတ်မှတ်ကာ မိုင်းဆွဲရန် ပြင်ဆင်စဥ် အကြမ်း ဖက်စစ်တပ်က လာရောက်စစ်ဆေးစဥ်ချိန်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မနေ့က မော်လမြိုင်ကနေ ရန်ကုန်ကို ခုနှစ်တွဲပါတဲ့ ရထားတစ်စီးတက်လာမယ်ဆိုတာ သတင်းအတိအကျ ရတယ်။အဲဒီရထားတွဲ မှာ စစ်ခွေးတွေက ခြောက်တွဲပါတယ်။နောက်တစ်တွဲ က လက်နက်ခဲယမ်းတွေ။ဒါကြောင့် မနေ့က ကတည်းက ကြိုပြင်ဆင်ထားတာ။ဒါပေမယ့် ရထားမရောက်ခင် စစ်ခွေးငါးကောင်က တံတားကိုလာစစ်တယ်။ကျွန်တော်တို့ရဲ့ အဓိက စစ်ရေးပစ်မှတ်မဟုတ်ခဲ့ပေမယ့်လို့ မဖြစ်မနေ တိုက်ခိုက်ခဲ့ရတယ်။လာစစ်တဲ့စစ်ခွေးတွေ သေတယ်ဆိုတာ အတည်ပြုရတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် ရထားလမ်းတံတားလမ်းမှာ ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်၏ ရထား မှာလည်း မုပ္ပလင်ကျေးရွာအနီး ရပ်နားထားရသည်ဟု ဒေသခံသတင်းရင်းမြစ်အချို့က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၈ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့အဖြစ် အသုံးပြုနေသည့် ရန်ကုန်-ရေး- ထားဝယ် ရထားလမ်းပိုင်းရှိ တံတားတစ်ခုအား ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု မွန်ပြည်နယ်အခြေပြုတော် လှန်ရေးအစည်းအရုံး MSRU က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။