Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံ မြောက်ကိုရီးယားထက် ဒီမိုကရေစီဆိတ်သုဉ်းသွား

ဒီလိုအဆင့်သတ်မှတ်ရာမှာ သုည မှတ်ကနေစတင်ကာ အများဆုံး ၁၀ မှတ်အထိ ပေးတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ တစ်မှတ်သာသာပဲ ရတာတွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားထက် ဒီမိုကရေစီဆိတ်သုဉ်းသွားတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွက် မနေ့က ဖေဖော်ဝါရီလ ၁၀ ရက်မှာထုတ်ပြန်တဲ့ ဒီမိုကရေစီညွှန်းကိန်း အစီရင်ခံစာအရသိရပါတယ်။

ဒီအစီရင်ခံစာကို Economist Intelligence Unit’s (EIU) က ပြုစုပြီး နှစ်စဉ်ထုတ်ပြန်တာပါ။

၂၀၂၁ ခုနှစ်အတွက် ဒီမိုကရေစီညွှန်းကိန်းမှာတော့ စစ်တပ်အာဏာသိမ်းလိုက်တဲ့မြန်မာနိုင်ငံဟာ အောက်ဆုံးငါး နိုင်ငံစာရင်းမှာပါဝင်နေတာတွေ့ရပါတယ်။

အဲဒီ ငါးနိုင်ငံ စာရင်းမှာတောင် မြန်မာနိုင်ငံရဲ့ အောက် နောက်ဆုံးပိတ်နိုင်ငံဟာ တာလီဘန်တွေ ပြီးခဲ့တဲ့ လပိုင်းက ပြန်လည်သိမ်းပိုက်ထားတဲ့ အာဖဂန်နစ္စတန် နိုင်ငံဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာရဲ့အပေါ်မှာ အာရှအာဏာရှင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယား နိုင်ငံ ရှိနေပါတယ်။

ဒီမိုကရေစီညွှန်းကိန်းကို ရွေးကောက်ပွဲလုပ်ငန်းစဉ် ၊ အစိုးရရဲ့ လုပ်ငန်းဆောင်တာလုပ်ကိုင်ဟန် ၊ အရပ်ဖက်ပြည်သူတွေ လွတ်လပ်မှုရှိမရှိ ၊နိုင်ငံရေးမှာပါဝင်လုပ်ကိုင်ခွင့်ရတဲ့အခြေအနေနဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေအပေါ် ချိန်ထိုးပြီး အဆင့်သတ်မှတ်တာဖြစ်ပါတယ်။

ဒီလိုအဆင့်သတ်မှတ်ရာမှာ သုည မှတ်ကနေစတင်ကာ အများဆုံး ၁၀ မှတ်အထိ ပေးတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ တစ်မှတ်သာသာပဲ ရတာတွေ့ရပါတယ်။

ဒီမိုကရေစီစံနှုန်းအမြင့်ဆုံးထိပ်ဆုံး ငါးနိုင်ငံကတော့ ဥရောပနိုင်ငံတွေဖြစ်ပြီး နံပါတ်တစ်နေရာမှာ နော်ဝေးက ရပ်တည်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။