Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာနိုင်ငံ မြောက်ကိုရီးယားထက် ဒီမိုကရေစီဆိတ်သုဉ်းသွား

ဒီလိုအဆင့်သတ်မှတ်ရာမှာ သုည မှတ်ကနေစတင်ကာ အများဆုံး ၁၀ မှတ်အထိ ပေးတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ တစ်မှတ်သာသာပဲ ရတာတွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားထက် ဒီမိုကရေစီဆိတ်သုဉ်းသွားတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွက် မနေ့က ဖေဖော်ဝါရီလ ၁၀ ရက်မှာထုတ်ပြန်တဲ့ ဒီမိုကရေစီညွှန်းကိန်း အစီရင်ခံစာအရသိရပါတယ်။

ဒီအစီရင်ခံစာကို Economist Intelligence Unit’s (EIU) က ပြုစုပြီး နှစ်စဉ်ထုတ်ပြန်တာပါ။

၂၀၂၁ ခုနှစ်အတွက် ဒီမိုကရေစီညွှန်းကိန်းမှာတော့ စစ်တပ်အာဏာသိမ်းလိုက်တဲ့မြန်မာနိုင်ငံဟာ အောက်ဆုံးငါး နိုင်ငံစာရင်းမှာပါဝင်နေတာတွေ့ရပါတယ်။

အဲဒီ ငါးနိုင်ငံ စာရင်းမှာတောင် မြန်မာနိုင်ငံရဲ့ အောက် နောက်ဆုံးပိတ်နိုင်ငံဟာ တာလီဘန်တွေ ပြီးခဲ့တဲ့ လပိုင်းက ပြန်လည်သိမ်းပိုက်ထားတဲ့ အာဖဂန်နစ္စတန် နိုင်ငံဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာရဲ့အပေါ်မှာ အာရှအာဏာရှင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယား နိုင်ငံ ရှိနေပါတယ်။

ဒီမိုကရေစီညွှန်းကိန်းကို ရွေးကောက်ပွဲလုပ်ငန်းစဉ် ၊ အစိုးရရဲ့ လုပ်ငန်းဆောင်တာလုပ်ကိုင်ဟန် ၊ အရပ်ဖက်ပြည်သူတွေ လွတ်လပ်မှုရှိမရှိ ၊နိုင်ငံရေးမှာပါဝင်လုပ်ကိုင်ခွင့်ရတဲ့အခြေအနေနဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေအပေါ် ချိန်ထိုးပြီး အဆင့်သတ်မှတ်တာဖြစ်ပါတယ်။

ဒီလိုအဆင့်သတ်မှတ်ရာမှာ သုည မှတ်ကနေစတင်ကာ အများဆုံး ၁၀ မှတ်အထိ ပေးတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ တစ်မှတ်သာသာပဲ ရတာတွေ့ရပါတယ်။

ဒီမိုကရေစီစံနှုန်းအမြင့်ဆုံးထိပ်ဆုံး ငါးနိုင်ငံကတော့ ဥရောပနိုင်ငံတွေဖြစ်ပြီး နံပါတ်တစ်နေရာမှာ နော်ဝေးက ရပ်တည်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဖက်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ အနိမ့်ပျံနေတဲ့ ဒုံးကျည်တစ်စင်းဟာ ကမ်းရိုးတန်း တစ်နေရာမှာ တည်ဆောက်ထားတဲ့ ပစ်မှတ် အဆောက်အအုံဆီ ဦးတည်နေတာကို တွေ့ရပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာတရုတ်ကနှစ်နိုင်ငံပူးပေါင်းပြီးအွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေ အမြစ်ဖျက် ချိုးနှိမ်ရေး ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဝမ်က ပြောပါတယ်။