Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာနိုင်ငံဟာ ဒုက္ခတွင်းထဲ နက်သထက်နက်အောင် ကျဆင်းနေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေ နှစ်ဆတိုးပြီး ကျူးလွန်နေကြောင်း၊ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ ဒီအရေးကိစ္စကို အလေးထား ဆွေးနွေးသွားဖို့ ရှိနေကြောင်း ဘလင်ကန်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒုက္ခတွင်းထဲ နက်နက်ရှိုင်းရှိုင်း ကျဆင်းနေပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေ နှစ်ဆတိုးပြီး ကျူးလွန်နေကြောင်း၊ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ ဒီအရေးကိစ္စကို အလေးထား ဆွေးနွေးသွားဖို့ ရှိနေကြောင်း ဘလင်ကန်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အနေအထားဟာ ဒုက္ခတွင်းထဲ နက်သထက်နက်အောင် ကျဆင်းနေတာ မြင်ရခြင်းက တကယ့်ကို နာကျင်စရာ ဖြစ်တယ်လို့ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘလင်ကန်က ပြောကြားသွားပါတယ်။ သူဟာ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်တို့ စုစည်းထားတဲ့ Quad မဟာမိတ် အစည်းအဝေး တစ်ခုအတွက် ဩစတြေးလျကို ရောက်နေတာပါ။

အာဏာရှင် စစ်ကောင်စီဟာ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကို နှစ်ဆတိုး အရှိန်မြှင့်တင် ကျူးလွန်လာနေတာကိုလည်း သူတို့ တွေ့မြင်နေကြောင်း ဘလင်ကန်က ဆိုပါတယ်။ သူက အမေရိကန် အစိုးရ အနေနဲ့ မြန်မာ့ အရေးကို ဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ မူဝါဒ ၅ ချက် အထမြောက်ရေးအတွက် ထောက်ခံ အားပေးသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သိပ်မကြာခင်မှာ သမ္မတ ဘိုင်ဒန်က အာဆီယံ ခေါင်းဆောင်တွေကို ဝါရှင်တန် ဖိတ်ခေါ်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း၊ အဲဒီအခါ မြန်မာနိုင်ငံ ပြဿနာကလည်း သမ္မတ ဘိုင်ဒန် အာရုံစိုက်ထားတဲ့ ကိစ္စတစ်ခု အနေနဲ့ ပါဝင်လာမှာဖြစ်ကြောင်း ဘလင်ကန်က ပြောကြားသွားပါတယ်။1h

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

Facebook