Connect with us

Hi, what are you looking for?

News

ဖလမ်းတွင် ပဒေသာမိုင်းကြောင့် စစ်ကောင်စီတပ်မှ သုံးဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရသူများဟု CNO ထုတ်ပြန်

ဖလမ်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို CNDFက တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့ရာ ဇန်နဝါရီလအတွင်း တိုက်ပွဲ ၁၂ကြိမ်ဖြစ်ခဲ့သည်။

(CNDFရဲ​​ဘော်များ ​လေ့ကျင့်​နေသည်ကို ​တွေ့ရစဥ် ၊ ဓာတ်ပုံ - CNO)

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ထောင်ထားသည့် မိုင်းမိ၍ စစ်ကောင်စီတပ်မှ သုံးဦးခန့်သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈)အကြမ်းဖက်စစ်ကောင်စီအတွက် ရိက္ခာပို့ပြီးအပြန် လမ်းကြောင်းလုံခြုံရေးယူပေးနေသော အကြမ်းစစ်ကောင်စီများတောလမ်းအတိုင်း သွားရောက်ကြစဉ် CNOလက်အောက်ခံ CNDFတပ်မှထောင်ထားသော မိုင်းပဒေသာတွဲလုံး အလုံး(၂၀)မိသောကြောင့် စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများကြောင်း ဒေသခံများကို ကိုးကား၍ CNOက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီများသည် လှာန်ဇောလ်ကျေးရွာသားများ တောင်ယာတွင်ဖွက်ထားခဲ့သည့် မြစိမ်းရောင်ကျေးလက်စီမံကိန်းထံမှ ချေးယူထားထားသော ကျပ်သိန်း ၁၆၀အားခိုးယူသွားကြပြီး၊ ၎င်းလမ်းကြောတစ်လျှောက်ရွာများရှိ တန်ဖိုးရှိ ပစ္စည်းများ၊ တိရိစ္ဆာန်များခိုးယူသွားကြောင်းလည်း CNOက ထုတ်ပြန်သည်။

ထို့ပြင် ထင်းရှူးစခန်းအနီးရှိ ပြည်သူများမွေးမြူထားသော ငါးကန်အားလည်း ဖျက်စီးသွားကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဖလမ်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို CNDFက တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့ရာ ဇန်နဝါရီလအတွင်း တိုက်ပွဲ ၁၂ကြိမ်ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။